Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

ခိုးမှုမသင်္ကာသူများကို စစ်ဆေးရာ သေမှုသေခင်း ဖွင့်လှစ်စုံစမ်း နေသောအမှုမှ သေဆုံးသူအား သတ်ပြီး ပစ္စည်းများလုယူခဲ့မှု ပေါ်ပေါက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

၁၈.၉.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင် မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် သီဟဒီပအားကစားကွင်း လမ်းသွယ်တွင် သန်လျင်မြို့နယ်နေ အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေးတို့(၃)ဦးအား ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် သန်လျင်မြို့မရဲစခန်း(ပ)၆၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်အား ခိုးယူလာကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေးတို့အား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ရာမှ ၎င်းတို့(၃)ဦးသည် ၁၄.၉.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်ခန့်တွင် ကျောက်တန်းမြို့နယ်နေ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ကိုမောင်မြင့်၏ ဆိုင်ကယ်အား ငှားရမ်းစီးနင်း လာစဉ် အလွမ်းဆွတ်ကျေးရွာ၊ သွပ်ပြားစက်ရုံရှေ့ရေမြောင်းအနီးအရောက် စကားများရန်ဖြစ်ကြပြီး ကိုမောင်မြင့်၏ဦးခေါင်းအား အုတ်ခဲဖြင့်ထုရိုက်ကာ HAOJUE-110 နီ/နက်ရောင်ဆိုင်ကယ်၊ ကိုမောင်မြင့်ဝတ်ဆင်ထားသော အလေးချိန်(၆)ပဲသားရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့် (၅)မူးသားခန့်ရှိ ကျောက်နီပါ ရွှေလက်စွပ်(၁)ကွင်းတို့ကို အတူလုယက်ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။

၎င်းဖြစ်စဉ်အရ ၂၁.၉.၂၀၁၄ ရက်နေ့က အလွမ်းဆွတ်ကျေးရွာ၊ သွပ်ပြားစက်ရုံရှေ့ရေမြောင်း အနီးတွင် အမျိုးသားတစ်ဦး ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄၃/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိသော အမှုအား ၎င်းတို့(၃)ဦးမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေး တို့(၃)ဦးကို သန်လျင်မြို့မရဲစခန်း(ပ)၆၁၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂/၃၉၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများသိမ်းဆည်းလျက်ရှိကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ