Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

ထရန်စဖော်မာပုံးအား စစ်ဆေးသည့် လျှပ်စစ်နေ့စားဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

၂၆.၉.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် ရွှေပြည်သာဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံးသွား ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ လျှပ်စစ်နေ့စား ၀န်ထမ်း ကိုကျော်သူရအောင်၊ (၂၇)နှစ်ဖြစ်ပြီး ယာတံတောင်နှင့် လက်မောင်း ပေါက်ပြဲ၊ ၀ဲဘက်ရင်အုံ ပွန်းပဲ့ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။



ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၂၃၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် အောင်သုခလမ်းထောင့်ရှိ ထရန်စဖော်မာ ပုံးအား ဆီရှိ/မရှိဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ထရန်စဖော်မာပုံးတွင်
တပ်ဆင်ထားသော လျှပ်စစ်ကြေးနန်းကြိုးနှင့်ထိမိရာမှ ဓါတ်လိုက်ခံရပြီး ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ