Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

နယ်ခြားစောင့်တပ်ကား ငွေတောင်တာဘောင်လမ်းမ အောက်သို့ ထိုးကျတိမ်းမှောက်

စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်မြောင်း ကားလမ်း ဘောင်ပေါ်မှ လမ်းအသစ် ဖောက်လုပ်လျှက်ရှိသော ဆည်ဘောင်အောက် သို့ နယ်ခြားစောင့်တပ်ကား ဖိုးဝီး တစ်စီး ပြုတ်ကျ၍ တိမ်းမှောက်သွားကြောင်း သိရသည်။

၎င်း (ဖိုးဝီး)ကား သည် အမှတ် (၁၀၀၄)နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့ တပ်ပိုင်ကား ဖြစ်ကြောင်းသိရသည်။

တိမ်းမှောက်သွားသည့် ယဉ်အား ကိုယ်ပိုင်အမှတ် - နခတ ၁၀၁၆၂၅ တပ်ကြပ် ဇေယျာမင်း (၃၀) နှစ် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့နယ်မှ မောင်းနှင်လာခြင်း ဖြစ်ပြီး ယဉ်ပေါ်တွင် ဒုတပ်ကြပ် မင်းဇော်(ကိုယ်ပိုင်အမှတ် စီစစ်ဆဲ) (၃၀) နှစ် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့ နှင့် စိုင်းသူ အသက် (၂၄) နှစ် မှတ်ပုံတင်အမှတ် ၂/ဖဆန (နိုင်) ၀၁၁၁၂၁၊ တောင်ပိုင်းရပ်ကွက်၊ ဖားဆောင်းမြို့ နေသူ (အရပ်သား) တို့ ပါလိုက်ပါခဲ့သည်။

ဖြစ်စဉ်မှာ လွိုင်ကော်ဖက်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသော ယဉ်အမှတ် -၇ခ/၅၂၉၁၊ တိုရိုတာခဲပုတ် ရောင် (ဖိုးဝီး) သည် ဒီးမော့ဆို-လွိုင်ကော် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၂၀/၆) နှင့် (၁၂၀/၇) အကြား ကားရှေ့ဝဲဘက်ခြမ်း တိုက်လော့ပြုတ်၍ လမ်း၏ ယာဘက်ခြမ်း သို့ကွေ့သွားပြီး လမ်းဘေးရှိ ပန်းစိုက်ထားသည့် အုတ်ခုံအား ဝင်တိုက်ကာ၊ ကား၏ ရှေ့ဝဲဘက်ဘီး ပြုတ်ထွက် ၍ အရှိန်မထိန်းနိုင်ဘဲ ငွေတောင်ဆည် ဘောင် အောက်ရှိ လမ်းအသစ်ဖောက်လုပ် နေသည့်နေရာသို့ ထိုးကျကာပက်လက်အနေအထား တိမ်းမှောက်သွားကြောင်း သိရသည်။

ယဉ်မောင်းသူ တပ်ကြပ် ဇေယျာမင်းတွင် ဝဲဘက် လက်ခုံပွန်းပဲ့ ပေါက်ပြဲဒဏ်ရာ တစ်ခု၊ နဖူးယာဘက် ပွန်းပဲ့ဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး မစိုးရိမ်ရဘဲ ပြင်ပလူနာအဖြစ် လည်ကောင်း၊ ယဉ်ပေါ် လိုက်ပါလာသူ ဒုတပ်ကြပ် မင်းဇော် တွင် အပေါ်နှုတ်ခမ်း စုပ်ပြဲဒဏ်ရာ တစ်ခု၊ ယာဘက်ဂျိုစောင်း စုပ်ပြဲ ပြီး ဝဲဘက်နားရွက်စုပ်ပြဲ ဒဏ်ရာ တစ်ခု နဖူးဝဲဘက် ဖူးရောင်ဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး စိုးရိမ်းရကာ ဒီးမော့ဆို ဆေးရုံမှ လွိုင်ကော် တပ်မတော်ဆေးရုံ သို့ လွှဲပြောင်းကုသ လျှက်ရှိပြီး စိုင်းသူမှာ ဒဏ်ရာ မရကြောင်း သိရသည်။

ယဉ်မောင်းသူ တပ်ကြပ်ဇေယျာမင်းအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် မောင်မောင်စိုး မှ တရာလိုပြုလုပ် တိုင်တန်းရာ ဒီးမော့ဆိုမြို့မ ရဲစခန်း ယဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် စစ်ဆေး လျှက်ရှိကြောင်း သိရသည်။


တိမ်းမှောက်သွားသော ကားတစိး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ