Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

တရုတ်နိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား


ချန်ရှာ ၊ ၂၄-၉-၂၀၁၄

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် အတွင်းရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိကာ ၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်းကို ဒေသတွင်း အာဏာပိုင်များ ၏ ထုတ်ဖော် ပြောကြားချက်အား Xinhua သတင်းဌာနက ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် လီလင်းမြို့ ပေါင်ဖန်ကျေးရွာ အတွင်းရှိ Nanyang Export မီးရှူးမီးပန်း စက်ရုံတွင် စက်တင်ဘာ ၂၂ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လီလင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က ထုတ်ပြန်သည့် သတင်း အချက်အလက် များအရ သိရသည်။

လက်ရှိ အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို ဝန်းရံပိတ်ဆို့ ထားပြီး တာဝန်ရှိ သူများ အနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

လီလင်းမြို့သည် နိုင်ငံ၏ မီးရှူးမီးပန်း များ အဓိက ထုတ်လုပ်သည့် စက်ရုံများ အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်ဟုလည်း သိရှိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ