Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

တိမ်းရှောင်နေသည့် ပဲကုန်သည် ဖမ်းမိရေးအစိုးရအဖွဲ့ ကူညီမည်

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေကြသူများကို တွေ့ရစဉ်
ကျပ်သိန်းပေါင်းတစ် သောင်းခြောက်ထောင်ကျော်မ ပေးချေဘဲ တိမ်းရှောင်သွားသည့် ပဲကုန်သည် ဖမ်းမိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 စက်တင်ဘာလ ၁၂ရက် ညနေပိုင်းက မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း (မန်းကုန်စည် ဒိုင်)သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးနှင့် စီမံ ကိန်းဝန်ကြီး ဦးအောင်ဇံနှင့် ခရိုင် ရဲမှူးကြီးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ လာရောက်ခဲ့ ပြီး ငွေကြေးအရှုပ်အရှင်းကိစ္စများ၌ ပါဝင်ကူညီဆောင်ရွက်ပေးရန် လာရောက်ဆွေးနွေးခဲ့ကြကြောင်း အသင်းတိုက်ပြန်ကြားရေးအဖွဲ့ ၀င်များက ပြောသည်။ ‘‘အသင်း မှာ ခုလိုဖြစ်တော့ အသင်းတိုက် လည်း နာမည်ပျက်တယ်။ နောက် ကို ဒီလိုမဖြစ်အောင် ထွက်ပြေးသွားတဲ့ ကုန်သည်ဖမ်းမိရေးမှာ အကူအညီတွေပေးသွားမယ်လို့ ၀န်ကြီးက ပြောသွားတယ်’’ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအောင်ဆွေ ဟိန်းက ပြောသည်။


ထွက်ပြေးတိမ်းရှောင်သွား သူ ကုန်သည်ထံမှ ငွေကြေးရရန် ရှိ၍ အသင်းတိုက်သို့ စာရင်းပေး သွင်းထားသူ ကုန်သည် (၄၄)ဦးရှိ ပြီး ယင်းကုန်သည်မှာ ကျပ်သိန်း ပေါင်း ၁၆၇၀၀ ပေးဆပ်ခြင်း မရှိဘဲ  တိမ်းရှောင်သွားခြင်းဖြစ် ကြောင်း ကုန်စည်ဒိုင်ပြန်ကြားရေး အဖွဲ့က ပြောသည်။
ထွက်ပြေးတိမ်းရှောင်သွား သည့်  ကုန်သည်ဖမ်းမိရေးနှင့် နစ်နာသွားသည့် ကုန်သည်များအတွက်  တရားစွဲဆိုရေး အကူအညီပေးမည့် အစီအစဉ်များကို ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအ ကဲများက ရှင်းလင်းခဲ့သည်ဟု အ စည်းအဝေးတက်ရောက်ခဲ့သူ ကုန်သည်များက ဆိုသည်။
အမှတ် (၉)နှင့် အမှတ် (၇) ရဲစခန်းများတွင် ယင်းကုန်သည် ကို  တရားစွဲဆိုထားသူနှစ်ဦးရှိ ပြီး ကျန်ကုန်သည်များကလည်း ဆက်လက်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ကုန်သည်အချို့က ပြောသည်။
ငွေကြေးရရန်ရှိသည့် မန္တ လေးမြို့၊ ကျောက်ဆည်ပွဲရုံမှ ဦးမောင်စိုးက ‘‘ကျွန်တော်က သိန်းတစ်ရာလောက်ပါသွားတယ်။ တရားမစွဲရသေးဘူး။ စွဲမှာပါ။ အ ခြေအနေစောင့်ကြည့်နေတာပါ။ တိုင်းဒေသကြီးအစိုးရကပါ အကူ အညီပေးမယ်ဆိုတော့ ပိုကောင်း ပါတယ်’’ဟု ပြောကြားသည်။
အဆိုပါ ကုန်သည်မှာ ဇူလိုင်လဆန်းကတည်းက ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အစ်ကိုတော်စပ်သူက ပေးရန်ရှိသည့် ငွေကြေးများအား ရှင်းလင်းပေးလိုကြောင်း ကုန်စည်ဒိုင်တာ ၀န်ရှိသူများထံ ဆက်သွယ်ခဲ့ဖူး သည်။
မန္တလေးကုန်စည်ဒိုင်တွင် ကုန်သည်တိမ်းရှောင်သည့် ငွေ ကြေးအရှုပ်အရှင်းကိစ္စမျိုး ယခင် ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ကြို ရောင်းကြိုဝယ်ကြောင့် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အ သင်းတာဝန်ရှိသူများက အသင်း တိုက်အတွင်း သတိပေးတားမြစ် မှုများ ပြုလုပ်နေသော်လည်း အ သင်းတိုက်ပြင်ပအခြားနေရာများ တွင်ပါ ပြုလုပ်နေကြ၍ တားမြစ် ရန် အခက်အခဲတွေ့နေကြောင်း အသင်းတိုက်တာဝန်ရှိသူများက ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ