Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာ


ယခုနှစ် မိုးရာသီတွင် ရန်ကုန်မြို့လယ်တစ်နေရာကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
အနောက်တောင်မုတ် သုံလေသည် စက်တင်ဘာ ဒုတိ ယပတ်မှ စတင်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ စတင်ဆုတ် ခွာနေပြီဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
မုတ်သုံလေ ဆုတ်ခွာပါက ဖြတ်သန်းရာ လမ်းကြောင်းတစ် လျှောက် လေပြင်းကျခြင်း၊ နေရာ ကွက်၍ မိုးကောင်းခြင်းနှင့် လေ ထု မတည်ငြိမ်မှုကြောင့်ဖြစ်သော  မိုးတိမ်တောင်အန္တရာယ်များကို သတိပြုရန်လိုကြောင်း  ဒေါက် တာထွန်းလွင်က ဆိုသည်။


လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမြောက်ပိုင်းဒေသဖြစ်သော ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသ ကြီး၊  မကွေးတိုင်းဒေသကြီး၊ က ယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် မိုးတိမ် တောင်အန္တရာယ်ရှိနေကြောင်း အမေရိကန်အမျိုးသား  အာကာ သအေဂျင်စီ (NASA) ၏ ခန့်မှန်း ချက်များကို ကိုးကား၍ ဒေါက် တာထွန်းလွင်က သတိပေးထား သည်။
မေနှင့်ဇွန်လက မြန်မာနိုင်ငံ သို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်စဉ်က ဒေသအနှံ့ တွင် မိုးတိမ်တောင်ကြောင့် လေ ဆင်နှာမောင်းတိုက်ခြင်းနှင့် မိုး ကြိုးပစ်ခြင်းများရှိခဲ့ပြီး လူသေဆုံး မှုများရှိခဲ့သည်။
မုတ်သုံဆုတ်ခွာရာ လမ်း ကြောင်းတွင်ရှိနေသည့် ရှမ်းပြည် နယ်တွင်လည်း ယခုရက်ပိုင်းအ တွင်း မိုးကြိုးပစ်ကာ လူသေဆုံးမှု အချို့ ဖြစ်ပွားခဲ့သည်။ ရှမ်းပြည် နယ် ကွမ်းလုံမြို့နှင့် မိုင်ယန်းမြို့ တွင် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်က မိုးကြိုးပစ်ကာ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။
ယခုနှစ် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်စဉ်က ပုံမှန် ထက် နှစ်ပတ်ခန့် နောက်ကျခဲ့ပြီး ယခု ဆုတ်ခွာချိန်တွင်လည်း နှစ် ပတ်ခန့် စောနေသောကြောင့် ဒေ သအနှံ့မှ စိုက်ပျိုးရေးတောင်သူ များ မိမိတို့စိုက်ပျိုးထားသော သီး နှံများအတွက် လိုအပ်သလို ပြင် ဆင်ထားသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ