Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ရေခဲမြစ်တစ်စင်းရဲ့ ......................။

ဟိုတုန်းက မြတ်နိုးခဲ့တဲ့ ငြိမ်သက်ခြင်းတွေ အခု မနူးညံ့ကြတော့ဘူး
အုတ်အော်သောင်းနင်း ၀ဋ်လည်ခြင်းတွေကြား ကိုယ်ချင်းစာတရားက ကျနော့်ပါးကို ဖြတ်ရိုက်သွားတယ်
" အခုမှ သက်ပြင်းမချနဲ့ ... " တဲ့။

တွေ့ကြတော့လဲ အေးစက်စက်တေးသွားတွေက သူနဲ့ ကျနော့်ကြားမှာ မြူးတူးကခုန်
ကျောချင်းကပ် နီးနေရတာမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ မြေကြီးပေါ် ပြားနေအောင်ဖြန့်ခင်း
ကောင်းကင်ကြီးကို လွတ်လွတ်လပ်လပ် မော့ကြည့်ပစ်မယ်

အရင်းနှီးဆုံးလို့ ခေါင်းစဉ်တပ်ပြီး မေးထူးခေါ်ပြောဆက်ဆံခံရတိုင်း ရင်ဘတ်တစ်ခုလုံး ရစ်ရစ်ပြီးနာတယ်
လေထဲမှာ သူစိမ်းနံ့တွေရရင် ကျနော် အသက်မရှူချင်တော့ဘူး

ခါးသက်သက်စကားလုံးတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်နဲ့
ကိုယ့်ကိုယ်ကိုယ် သတိမရတဲ့ စစ်ရှုံးသမားက ....... ကျနော်
သွေးစိမ်းရှင်ရှင်ကျနေတာတောင် မျှော်လင့်ချက်တွေ မီးစုန်းတောက်ကြတုန်း

ထားပါလေ
ပြီးတာတွေလဲ ပြီးပါစေပေါ့
ဘုရားလဲ နားငြီးလောက်ပြီ
ဘောပင်လေးလဲ မျက်နှာငယ်ပြီ
စာရွက်တွေလဲ ကွက်လပ်မကျန်တော့ဘူး
အပ်ကြောင်းထပ် အက္ခရာတွေအစား ကျနော် .... မီးကို မှုတ်ငြိမ်းလိုက်ပါမယ်

အကို
..........................
မြက်ပင်လေးက ပြောတယ်
သူ့မှာလဲ အသက်ရှိတယ် ..... တဲ့။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ