Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

မြေကြီးစကား ...။


ဝေးရပြီပဲကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေနဲ့
ဒီတံခါးကို စေ့ပိတ်လိုက်ပါ့မယ်
မတွေ့ရတော့ပေမယ့်
သတိတရ ရှိချင်တယ်။

မခူးတော့ပါဘူးလေ
အပင်မှာပဲ တင့်ပါစေ
အဲ့ဒီ ပန်းကလေး
ကျနော် ... လေထဲကပဲ ရနံ့တွေကို ပိုက်ထွေးမိတယ်
ကံကြမ္မာရယ် ...
ပန်းကလေးက မျက်နှာလွှဲ
ကျနော့်အတွက်မှ မဟုတ်ဘဲ .... တဲ့။



မစိမ်းကားပါးနဲ့ကွယ်
ဝေးရမှာကို စိုးပါတယ်
ခယ၀ပ်တွား
သိပ်ချစ်ကြောင်းကို စကားတွေ အကြိမ်ကြိမ်ပါးပေမယ့်
ကံကြမ္မာရယ် ...
သူ ... ကျနော့်ကို ထားသွားတယ်။

အစကတည်းက အဖြေကြိုသိနေတဲ့
အဖြစ်အပျက်တွေအတွက်
ကျနော် ထူးပြီး ၀မ်းမနည်းတော့ဘူး
တစ်ချိန်ချိန်ပေါ့
တောင်လေလာလို့ ကျနော့်ပန်းကလေး
အပွင့်တွေဝေရင်
ရင်တစ်ခုလုံးကို ဖြန့်ခင်းပေးမယ်။

ရပါတယ်
ထားခဲ့ရက်လဲ
သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မယ်
ဟော ... ဟိုးမှာ
သူ ရှိတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ