Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ရည်းစားကို တစ်ဦးတည်း မောင်ပိုင်စီးထားလိုသော ကောင်မလေးတစ်ဦး၏ ထူးထူးဆန်းဆန်းဆန္ဒ


 

ရည်းစားကိုတစ်ဦးတည်း မောင်ပိုင်စီးထားလိုတဲ့ ကောင်မလေး ဟာ သူမချစ်သူ ရဲ့အားလပ်ရက်ခရီးမှာ သူတို့စုံတွဲ ရဲ့ဓါတ်ပုံတွေပါပြီး သူမချစ်သူခရီးသွားမယ့်မြို့အမည် နဲ့ ထိုမြို့က ကောင်မလေးတွေကို မုန်းတဲ့အကြောင်း ရေးသားထားတဲ့ တီရှပ်အင်္ကျီကို သူမရဲ့ချစ်သူအား ၀တ်ဆင်သွားစေခဲ့ပါတယ်။ အသက် ၂၀ အရွယ် Abbie Bartlett ဟာ သူမတို့စုံတွဲပုံတွေပါတဲ့ အင်္ကျီတစ်ထည်ကို ပုံနှိပ်ထုတ်လုပ်ခဲ့ပါတယ်။ ထို အင်္ကျီမှာ “ကျွန်ုပ် Ibiza က မိန်းမတွေကိုမုန်းတယ်။ ကျေးဇူးပြု၍ကျွန်ုပ်နဲ့ အဝေးမှာ နေပါ” ဆိုတဲ့ စာသားလည်းပါ ပါတယ်။ သူမရဲ့ ချစ်သူ အသက် ၂၄ နှစ်အရွယ် Leon Connolly ဟာ Ibiza မြို့ကိုတစ်ယောက်တည်းခရီးသွားရမှာဖြစ်ပါတယ်။ Connolly ဟာ ထိုအင်္ကျီရ ရချင်းမှာပဲ တစ်ချက် ရယ်မောလိုက်ပြီး ထိုအင်္ကျီကို ၀တ်ဆင်ကာ ဓါတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်ထားခဲ့ပါတယ်။ ထိုဓါတ်ပုံကလည်း Ibiza အပါအ၀င် အခြားနေရာတွေမှာပါ ရေပန်းစားခဲ့ပါတယ်။

 

Northumbria University က မှုခင်းဗေဒ ကျောင်းသူတစ်ဦးဖြစ်တဲ့ Abbie Bartlett က “Leon ကအဲဒီအင်္ကျီကို Ibiza မှာဝတ်မှာလို့ ပြောတယ်။ သူဟာ လက်ရှိမှာလည်း ကျော်ကြားနေပြီးဖြစ်တယ်။ ဒါပေမယ့် ဆန့်ကျင်ဘက် သက်ရောက်မှုတွေတော့ ဖြစ်လာနိုင်တယ်”လို့ဆိုပါတယ်။ Abbie Bartlett ဟာ သူမရဲ့ချစ်သူ သူမအပေါ်သစ္စာ မဖောက်ဘူးဆိုတာ ယုံကြည်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်။ဒီလို အင်္ကျီလုပ်ရတာဟာလည်း မိန်းကလေးတွေဟာစိန်ခေါ်မှုတွေကိုကြိုက်တဲ့အတွက် တင်ဆက်မှုတစ်ခုအနေနဲ့ ဖန်တီးခဲ့တာလို့ဆိုပါတယ်။Good Friend လို့အမည်ရတဲ့ Band တစ်ခုမှာပါတဲ့ Connolly ဟာ နယူးကာဆယ်မြို့ကနေ Ireland နဲ့ Ibiza တို့ကို ဖျော်ဖြေရေးအတွက် သွားရမှာဖြစ်ပါတယ်။သူတို့စုံတွဲမှာတော့ အသက် ၅ နှစ် အရွယ် သမီးတစ်ယောက်ရှိပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ