Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

အမျိုးသမီးများအတွက် အမျိုးသားကိုယ်လုပ်တော် ငှားရမ်းနိုင်မည့် ၀န်ဆောင်မှုလုပ်ငန်း စပြီ




ကြော်ငြာမှုကဏ္ဍတွင် "ဆရာကြီးများ" ဖြစ်ကြသည့် ဂျို့စ်ဖီင်း ဝေလင်းနှင့် ဒလာခါဂျက်ခ်တို့သည်
အမျိုးသမီးများအတွက် ဦးတည်၍ အမျိုးသားအခစားအခြံအရံများ ငှားရမ်းမည့် ၀န်ဆောင်မှု
လုပ်ငန်းကို ဆန်ဖရန်စ္စကိုတွင် အခြေစိုက်၍ ယခု စက်တင်ဘာလအတွင်း စတင်နေပြီဖြစ်ကြောင်း
Oddity Central သတင်းဌာနက ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် ယင်းလုပ်ငန်းကို ညြှေနမလညေအျ လုပ်ငန်းအမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး
လုပ်ငန်းဆောင်ပုဒ်အနေဖြင့် "အမျိုးသားတစ်ဦးပါ။ ဒါပေမယ့် ပိုကောင်းတဲ့တစ်ယောက်ပေါ့"
ဟူသည့် ဆောင်ပုဒ်ကို သုံးစွဲထားသည်။ "သင့်သူငယ်ချင်းကို သင်မုန်းတီးနေပါသလား။ ဒီလို
ဆိုရင် သူ့အတွက် အဖော်အချွတ်မောင်တစ်ယောက် ငှားပေးလိုက်ပါ။ တကယ်လို့ သင့်သူငယ်
ချင်းကို သင်ချစ်တယ်၊ ဂရုစိုက်ချင်တယ်ဆိုရင်တော့ သူ့အတွက် အမျိုးသားကိုယ်လုပ်တော်
တစ်ယောက်လောက်ငှားပေးလိုက်ပါ။ အဲလိုပြောလို့ တစ်မျိုးမထင်လိုက်နဲ့နော်။ အမျိုးသား
ကိုယ်လုပ်တော်ဆိုတာ အဖော်အချွတ်မောင်တွေလို သင့်အနားမှာ ထွန့်ထွန့်လူးလိမ့်ခါနေမယ့်
အမျိုးအစားတော့မဟုတ်ဘူး။ သင့်ကို တော်ဝင်မင်းသမီးလေးတစ်ပါးလို သင့်ထံအပါး ခစားမှာ
ဖြစ်ပါတယ်" ဟု ယင်းလုပ်ငန်းအတွက် ကြော်ငြာဗွီဒီယိုတွင် ဖော်ပြထားသည်။

"အမျိုးသားကိုယ်လုပ်တော်တွေဟာ အမျိုးသမီးတွေနဲ့ ကနွဲ့ကလျအမျိုးသား (အခြောက်)တွေ
အတွက်တော့ ဇိမ်ခံပစ္စည်းတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ တစ်ရက်တည်းဆိုရင်တောင်မှ သူတို့
အတွက် အထူးလိုအပ်တဲ့အရာ ဖြစ်ပါတယ်" ဟု ယင်းလုပ်ငန်းအတွက် လွှင့်တင်ထားသည့်
ဝက်ဆိုဒ်တွင် ရေးသားထားသည်။ အမျိုးသမီးများသည် ညြှေနမလညေအျ မှ အမျိုးသားများကို
ငှားရမ်းနိုင်မည်ဖြစ်ပြီး ၎င်းတို့ကို ဖျော်ဖြေရန်နှင့် အဖော်ပြုရန်အတွက် ယင်းအမျိုးသားများက
ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

တစ်နာရီလျှင် ငှားရမ်းခ ဒေါ်လာ၈၀ရှိပြီး တစ်ရက်စာအတွက်မူ ဒေါ်လာ ၃၀၀ခန့် ပေးဆောင်ရ
မည်ဖြစ်သည်။ ကိုယ်လုပ်တော်အမျိုးသားများက စီးကရက်မီးညှိပေးခြင်း၊ အရက်ခွက်ငဲ့ပေးခြင်း၊
လူမှုကွန်ယက်တွင် တင်ရန်အတွက် ဓာတ်ပုံရိုက်ပေးခြင်း၊ အစားအစာခွံ့ကျွေးခြင်းနှင့် ငှားရမ်းသူ
အမျိုးသမီး ခိုင်းစေသည့် အရာမှန်သမျှကို ဒဏ္ဍာရီလာသူရဲကောင်းက တော်ဝင်မင်းသမီးလေး
အပါး ခစားသည့်အလား ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

"အမျိုးသမီးတွေအနေနဲ့ သူသဘောကျမယ့် ပုံစံမျိုးကို ရွေးချယ်ငှားရမ်းနိုင်ပါတယ်။ အရပ်ရှည်
ရှည်ကြိုက်လား။ အသားညိုညို ကြိုက်လား။ ကြိုက်တဲ့ပုံစံပြော။ ကျွန်တော်တို့ဆီမှာရှိတယ်"
ဟု ဒလာခါဂျက်ခ်က ဆိုသည်။

့ပြင် ငှားရမ်းသူအမျိုးသမီးခိုင်းစေသည့်အတိုင်း လုပ်ပေးရုံမက ယင်းအမျိုးသမီးစိတ်ကြိုက်
အ၀တ်အစားများလည်း ၀တ်ဆင်ရမည်ဖြစ်သည်။ ထိုအမျိုးသမီးက သူ၏ ကိုယ်လုပ်တော်အား
၎င်းကြိုက်နှစ်သက်ရာ အမည်ပေးနိုင်ပြီး ငှားရမ်းရန်အတွက် ဆိုဒ်စုံ၊ ဂိုက်စုံ၊ ပုံစံစုံ အမျိုးသားများ
ကို စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်သည်။ သို့ရာတွင် လိင်ကိစ္စအရ ပတ်သက်ဆက်စပ်ခြင်းကိုမူ
တင်းကျပ်စွာ တားမြစ်ထားသည်။

ညြှေနမလညေအျ သည် ၎င်း၏ ၀န်ထမ်းကိုယ်လုပ်တော်အမျိုးသားများ လိုက်နာရမည့်
ManServants Code of Chivalry ကို ထုတ်ပြန်ထားပြီး လိင်ကိစ္စနှင့် ပတ်သက်၍ လိုက်နာ
ရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ပြဋ္ဌာန်းထားသည်။

"ကိုယ်လုပ်တော်အမျိုးသားတွေအနေနဲ့ ငှားရမ်းသူအမျိုးသမီးကို ပစ်မှားဖို့မပြောနဲ့။ စိတ်နဲ့တောင်
ပစ်မှားခွင့်မပေးထားပါဘူး။ လိင်စိတ်ထကြွအောင် လှုံ့ဆော်ပေးတာတို့၊ ဥပဒေနဲ့ဆန့်ကျင်တဲ့
လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုတာတို့ ဒါတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထား
ပါတယ်။ ဒါက တကယ့်ကို အတိအကျလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဖြစ်ပါတယ်" ဟု
ဒလာခါဂျက်ခ်က ပြောသည်။

ယင်းစိတ်ကူးစိတ်သန်းကို ၎င်းနှင့် လုပ်ငန်းအတူတွဲလုပ်သူတစ်ဦး၏ ၀န်ထမ်းတစ်ဦးထံမှ
စတင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒလာခါဂျက်က ဆိုသည်။ ယင်းဝန်ထမ်းအမျိုးသမီးက ၎င်းအနေဖြင့်
၎င်း၏လက်ထပ်ခါနီးအမျိုးသမီးများသီးသန့်တက်ရောက်သည့် ပါတီပွဲ (Bachelorette Party)
တွင် လုပ်နေကျပုံစံအတိုင်း အမျိုးသားအဖော်အချွတ်မောင်များကို ငှားရမ်းခြင်းအား
အလွန်စိတ်ပျက်မိကြောင်း ဖွင့်ဟပြောဆိုခဲ့ရာမှ ခါဂျက်ခ်နှင့်ဝေလင်းတို့နှစ်ဦးက အဆိုပါစိတ်ကူး
စိတ်သန်းကို ရရှိလာခဲ့သည်။

"ဒီလုပ်ငန်းက ဘာမှကောင်းကျိုးမပေးတဲ့ အမျိုးသားအဖော်အချွတ်တွေကို နှိမ်နင်းမယ့်လုပ်ငန်း
ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကတော့ အဖော်အချွတ်ဝန်ဆောင်မှုနဲ့ ကွာခြားပါတယ်။ ကျွန်တော်တို့
ဒီဝန်ဆောင်မှုတွေကို လများစွာကြာအောင် စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ
ဒီဝန်ဆောင်မှုလုပ်ငန်းကို စတင်နေပါပြီ" ဟု ခါဂျက်ခ်က ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ