Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ဘားအံမြို့တွင် သိန်း ၉၃၀၀ တန်ဖိုးရှိ မူးယစ်ဆေး သိမ်းဆည်းရမိ


ကရင်ပြည်နယ် ဘားအံမြို့ ၈ ရပ်ကွက်မှာ မြန်မာကျပ်ငွေ သိန်း ၉၃၀၀ တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ မူးယစ် ဆေးဝါးတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဘားအံမြို့မရဲစခန်း တပ်ကြပ်ကြီး အောင်ကျော်ဦးက ပြောပါတယ်။

၈ ရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမုခ်ဝရဲ့ ပေ ၁၀၀ လောက်အကွာမှာ အိတ်အ မည်းတွေနဲ့ ထုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၂ နာရီကျော်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအိတ်မှာ ဘိန်းဖြူ ဘလောက်တုံး ၂၂ တုံး ကာလတန်ဖိုး ကျပ်သိန်း ၇၇၀၀ ရှိပြီး အိုင်စ် ၂ ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း ၁၆၀၀ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပိုင်ရှင်မဲ့ပစ္စည်းအဖြစ် ဘားအံမြို့မရဲစခန်းက သိမ်းဆည်းထားပြီး မူးယစ်ပုဒ်မနဲ့ အမှုဖွင့်ထားပြီး မည်သူမည်ဝါရဲ့ ပစ္စည်းဆိုတာကို စုံစမ်းနေတယ်လို့ တပ်ကြပ်ကြီး အောင်ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

သူတာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း ဒီလောက်တန်ဖိုးများတဲ့ မူးယစ်ဆေးကို ဒါ ပထမဆုံးအကြိမ် သိမ်းဆည်းရမိတာ ဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး အောင်ကျော်ဦးက မှတ်ချက်ပေး ပြောဆိုသွားပါတယ်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ