Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ဘင်လာဒင်၏သားမက်ကို ထောင်ဒဏ်တစ်သက်ချမှတ်


၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီး နောက်ပိုင်း အယ်လ်ကေးဒါးအဖွဲ့ ၏ ပြောရေးဆို ခွင့်ရ ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး အိုစမာဘင်လာဒင်၏ သားမက်ဖြစ်သူ ဆူလေမန် အဘူဂါအိသ်အား နယူးယောက်ြ မြို့တွင် ရုံးတင်စစ်ဆေး ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်သည်ဟူသော စွဲချက်များဖြင့် ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၄၈ နှစ်အရွယ် အဘူဂါအိသ်သည် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီး နောက်ပိုင်း အမေရိကန်တွင် စွဲချက်တင်ခံရသည့် ပထမဆုံး အယ်လ်ကေးဒါး ထိပ်တန်းခေါင်း ဆောင်တစ်ဦး ဖြစ်လာကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကူဝိတ်လူမျိုး တရားဟောဆရာတစ်ဦးဖြစ်သည့် အဘူဂါအိသ်ကို လွန်ခဲ့သည့်နှစ်က ဂျော်ဒန်နိုင်ငံ၌ ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

အဘူဂါအိသ်အနေဖြင့် အမေရိကန်များကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှု၊ အယ်လ်ကေးဒါးအဖွဲ့ကို အကူအညီပေးမှု စသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ ကြောင်း မတ်လအတွင်း အမေရိကန် ဂျူရီလူကြီးအဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

"သင် (အဘူဂါအိသ်)ဟာ အမေရိကန်တွေကိုသတ်ဖြတ်ဖို့ အယ်လ်ကေးဒါးထုံးကို နှလုံးမူပြီး သင်လုပ်နိုင်သမျှ အကုန်လုပ်ခဲ့တယ်ဆိုတာ ပြစ်မှုထင်ရှားတွေ့ရှိရတယ်"ဟု အမေရိကန် ခရိုင် တရားသူကြီး လူးဝစ်ကပ္ပလန်က အဘူဂါအိသ်အား တိုက်ရိုက် စီရင်ချက် ချမှတ်စဉ် ပြောဆိုခဲ့သည်။

အဘူဂါအိသ်ကမူ ၎င်းအနေဖြင့် ဘာသာရေးသမား သက်သက်သာ ဖြစ်ကြောင်း ပြောဆိုကာ စွဲချက်များကို ငြင်းဆိုခဲ့ သည်။

၉/၁၁ တိုက်ခိုက်မှုကြီးဖြစ်ပွားသည့်ညတွင် အိုစမာဘင်လာဒင်က မိမိအား အယ်လ်ကေးဒါး အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဆောင်ရွက် ခိုင်းခဲ့ကြောင်း အဘူဂါအိသ်က ထွက်ဆိုထားသည်။ ၎င်းသည် ဘင်လာဒင်၏ အကြီးဆုံးသမီး ဖြစ်သူ ဖာတီမာကို လက်ထပ်ထားသူဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ