Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အစိုးရစီမံကိန်းတွေ အရည်အသွေးညံ့ဖျင်းရင် တင်ပြဖို့ လွှတ်တော်ဥက္ကဌ ညွှန်ကြား

အစိုးရ ဘတ်ဂျက် ငွေကြေးနဲ့ ဆောက်လုပ် နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦး တွေနဲ့ လမ်းတံတား တွေမှာ အရည်အသွေး မပြည့်မီတာတွေ တွေ့ရှိရင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်ထံ အချက်အလက်တွေ ပေးပို့ကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြား ချက်ထုတ်ခဲ့ ပါတယ်။

အဲ့ဒီညွှန်ကြားချက် ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အခုလိုပြောပါတယ်။

"ဆီးသီးဗန်းမှောက်တဲ့ ကိစ္စက ဘာလဲဆိုတော့ လွှတ်တော်ဥက္ကဌကြီးက ကန်ထရိုက်ကို ရည်ရွယ်တာ၊ ဒါပေမဲ့ အဲ့ဒါကို ဦးရဲထွဋ်တို့က နာသွားတယ်ထင်တယ်၊ ဒါကြီးကို ခဏခဏပြောတယ်၊ စာအုပ်ငှားပြီး ပြန်မပေးတာတွေရောဘာတွေရော မဆိုင်တာတွေ ထည့်ပြောတယ်၊ ငယ်ကျိုးငယ်နာတွေ ပြောမယ်ဆိုရင် အများကြီးပေါ့နော်၊ ဒါတွေက ဒီအချိန် ပြောရမယ့်အချိန် မဟုတ်ဘူးလေ၊ ဆီးသီးဗန်းမှောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီလိုဒီလိုပဲ ပြောတဲ့အခါကျတော့ လွှတ်တော်ဥက္ကဌကြီးက ကျနော်တို့ကို စာတွေပေးတယ်၊ ကိုယ့်နယ်မြေမှာဆင်းပါ၊ ကန်ထရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မကျေနပ်တာတွေ့ရင် ဓါတ်ပုံရိုက်ပြီး အထောက်အထားနဲ့တင် အစိုးရအပေါ် သဝဏ်လွှာပို့၊ ဒီလိုပဲချတော့မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်ထင်တယ်၊ ပိုကောင်းတာပေါ့နော်"

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြတဲ့ အထောက်အထားတွေကို နိုင်ငံတော်သမ္မတထံ တိုက်ရိုက်ပေးပို့သွားမှာ ဖြစ်ကြောင်းလည်း ညွှန်ကြားချက်မှာ ပါရှိပါတယ်။

အဲ့ဒီညွှန်ကြားချက်ကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး မစတင်ခင် လွှတ်တော်ကိုယ်စားလှယ်ထံ ဖြန့်ဝေခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာတော့ ဖြန့်ဝေတာမရှိကြောင်း သိရပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ