Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအား မဖြစ်မနေရှာဖွေမည်ဟု ထူးဖောင်ဒေးရှင်းပြောကြား

ပူတာအို စက်တင်ဘာ ၂၅
ပျောက်ဆုံး တောင်တက် သမားနှစ်ဦးအား မြေပြင်ရှာဖွေရေး အဖွဲ့မှ ယနေ့ နံနက် ၆ နာရီခွဲတွင် အမြင့်ပေ ၁၃၂ဝဝ တွင် ရှိသည့် Base Camp မှ ဆက်လက်ထွက်ခွာကာ ရှာဖွေရေးများ ဆောင်ရွက်လျက်ရှိ နေပြီး ပေပေါင်း ၂ဝဝဝဝအထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ်ရှာဖွေ မှုများကိုလည်း ဆက်လက် ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ရှာဖွေရေးများကို ထူးကုမ္ပဏီမှ ဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဒေသခံများ၊ သက်ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းမှုဖြင့် ဆက်လက်လုပ်ဆောင် နေကြောင်း၊ လက်ရှိတွင် နမားဂျွန်ဆင် ဦးဆောင်သည့် မြေပြင်အဖွဲ့ဝင်များသည် ဒေသခံများနှင့်အတူ မြူနှင်းများအကြား၊ မိုးရွာသွန်းမှုများအကြားတွင် ရှာဖွေရေးများကို ဆောင်ရွက်လျက်ရှိ နေသေးကြောင်း ပြောကြားသည်။
''ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ယနေ့မှာ ရဟတ်ယာဉ်နဲ့ တောင်ထိပ်အထိ Vision Search ပြုလုပ်နေပြီး ရှာဖွေရေး လုပ်နေတာပါ။ ကျွန်တော်တို့ အစွမ်းကုန်ဆောင်ရွက်နေတယ်။ သုံးစွဲလို့ရတဲ့နည်းလမ်းတွေအားလုံး သုံးပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အန္တရာယ်ကင်းရှင်းရေးကိုလည်း အတတ်နိုင်ဆုံးရှေးရှုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ပြန်တွေ့နိုင်ဖို့ ကျွန်တော်ကြိုးစားနေတယ်။ အဓိကကတော့ ကျွန်တော်တို့တိုင်းပြည်မှာ ရေခဲတောင်တွေရှိတယ်။ တောင်တက် သမားတွေရဲ့ဘဝဟာ အန္တရာယ်အလွန်များတယ်။ ဝါသနာပါရုံနဲ့ မတက်နိုင်ဘူး။ မလျှော့တဲ့ ဇွဲလုံ့လ၊ သူတို့ရဲ့ကျန်းမာကြံ့ခိုင်မှုတွေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ်တစ်ခုကို ကမ္ဘာကသိအောင် သူတို့ စွမ်းဆောင်ပေးတာဖြစ်တယ်။ သူတို့ ကြုံတွေ့နေရတဲ့အခက်အခဲကို သူတို့သိသည်ဖြစ်စေ၊ မသိတော့သည်ဖြစ်စေ ကျွန်တော်တို့က လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။ လကုန်ပိုင်းမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ထပ်မံခေါ်ယူထားပါတယ်'' ဟု ထူးဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ က ပြောကြားသည်။
ယင်းတို့နှစ်ဦးအား သက်ရှိထင်ရှားပြန်လည်တွေ့ရှိနိုင်ရန် မလွယ်ကူတော့ကြောင်း၊ ရှာဖွေရေးလုပ်ငန်းများကို စက်တင်ဘာ ၂၇ ရက်အထိ လုပ်ကိုင်သွားရန် ရည်ရွယ်ထားကြောင်း၊ နောင်တစ်ချိန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးချိန်မှသာ ခါကာဘိုရာဇီတောင်ကို ပြန်လည်တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း၊ သေဆုံးသည်ဟုမယူဆဘဲ ပျောက်ဆုံးနေဆဲအဖြစ်သာ သတ်မှတ်ကြောင်းကို တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ