Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

စဥ့်ကူး ရေဘေးဒုက္ခသည်များ အကူညီ လိုအပ်

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် အတွင်းက ရေဘေးဒုက္ခ ရောက်နေကြတဲ့ ဒုက္ခသည် တွေကို အလှုရှင် တချို့က သွားရောက်လှုဒါန်း မှုတွေ ပြုလုပ်နေပေမယ့် အကူညီတွေ ထပ်မံလိုအပ် နေပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ မနက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေ လျှံမှု ဖြစ်ခဲ့တာကြောင့် စဥ့်ကူးမြို့နယ် အတွင်း မှာရှိတဲ့ ကျည်တောက်ပေါက်၊ နွယ် ရုံ၊ ရေ မျက်၊ ၅ ပြားပေး၊ ရွာတွေမှာ ရေ ကြီးရေလျှံ ဖြစ်ပေါ် ခဲ့တာ ဖြစ်ပါတယ်။

ရေမျက်ကျေးရွာက အဆိုးရွား ဆုံး ဖြစ်ခဲ့ တာကြောင့် ရေ မျက်ကျေးရွာက ရေဘေးဒုက္ခသည်တွေကို အလှုရှင်အချို့က သွားရောက်လှုဒါန်းနေကြပါတယ်။

အလှူရှင်တဦးဖြစ်သူ ဒေါ်အမာနီက “အသေအပျောက်က ၂ ဦး၊ ကိုယ်ဝန်သည်လေးနဲ့ ကလေးကို ၆ သောင်းပေးလိုက်တယ်။ သားနဲ့ သမီးရော သေသွားပြီး တဦးတည်း ကျန်နေတဲ့ မိသားစုက ကိုမျိုးကို ကိုကျတာ့ ၄ သောင်းပေးလိုက်တယ်။ ကျန်တဲ့ ၁၅ ဦးကိုကျတော့ ၁ အိမ်ထောင်ကို ၃ သောင်းနှုန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ငါးခြောက်ကျော်၊ ပဲ၊ လက်ဖက်၊ ဟင်းချိုမှုန့်နဲ့ ဆပ်ပြာမှုန့် အဲဒါတွေကို ၁ ထုပ်ဆီဝေပါတယ်။ အိမ်ထောင်စု ၁ စုကို ၁ သာင်းဆီနဲ့က အားလုံးပေါင်း ၅၉ အိမ်ထောင်စု” လို့ ပြောပါတယ်။

ခုလို ရေကြီးမှုတွေကြောင့် ရေဘေးဒုက္ခရောက်နေရတဲ့ ရွာတွေကို နီးစပ်ရာမြို့တွေနဲ့ ရွာတွေက လာရောက် ကူညီလုပ်အားပေးတာတွေလည်း ရှိနေပါတယ်။

စဥ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစမ်းဦးမောင်ကတော့  “ကံတောင်၊ လက်ပန်လှ၊ နွယ်ရုံ၊ ချောင်းကြီး၊ ရွာသစ်ကလေး၊ ရွာသစ်ကြီး၊ ခူလယ်၊ ငပျင်းအင်း၊ ကဗျို၊ ပြီးတော့ ကြားတဲ့နေရာကပေါ့၊ စားသောက်ရိက္ခာကတော့ ကြားတဲ့ရောက်တဲ့နေရာကတော့ မြန်မာလူမျိုးတွေဆိုတော့ ဒုက္ခအကြီးအကျယ် ရောက်တဲ့နေရာကို ကြားတဲ့နေရာက နေပြီးတော့ ကူကြပါတယ်။ မတ္တရာကလည်း ရောက်ပါတယ်။ ကျနော်တို့ မတ္တရာနယ်ထဲကလည်း ရောက်တယ်။ သပိတ်ကျင်း နယ်ထဲကလည်းရောက်တယ်။ ကြားတာကို လာကူကြတာပါ” လို့ ရှင်းပြပါတယ်။

အကူအညီတွေဟာ ရွာနီးနားကပဲ လာရောက် စောင့်ရှောက်မှုတွေ လုပ်ပေးနေတာ ဖြစ်ပြီး ထိရောက်တဲ့ ကူညီမှုမျိုးတွေ ရလာဖို့ ဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။

ရေမျက်ကျေးရွာမှာ ရေဘေးဒုက္ခသည်တဦးဖြစ်တဲ့ မသင်းက “ရွာရပ်ကပဲ စောင့်ရှောက်ပေးနေတာ၊ ရွာနားနီးကအရပ်ကတို့ မြို့နယ်ပေါ်ကတော့ ဟိုလို ထိခိုက်နစ်နာတဲ့ ပုံစံမျိုး မပါသေးဘူး။ တရွာနဲ့တရွာ ထိစပ်မှုပေါ့ စည်းလုံးမှုလေ၊ အဲဒီလိုလေးပေးတာပဲရှိတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး လူမှုကူညီရေးအသင်းတွေနဲ့ အလှုရှင်တွေက စတင်ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတာ ဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေ လာရောက်ကူညီပေးနေပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။

အခုချိန်အထိ အမိုးကာတွေနဲ့ အိမ်သာတွေ မရှိသေးတဲ့အတွက် ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ဖြစ်လာမှာကိုလည်း ရွာခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ