Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မှော်ဘီမှာ စစ်တပ်က မြေသိမ်းပြန်

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခဲ့တဲ့ ခြံမြေဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။

ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းက တောင်သူ ၂ဝ ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်က လုပ်ကိုင်နေတဲ့ ခြံမြေတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေဖြစ်ပြီး တောင်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးဖို့ ဝါးနက်ချောင်းအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အရောက်လာကြဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ တောင်သူ ဦးစိုးထွန်းက ခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဒီလက်မှတ်ကို မထိုးနိုင်ဘူး၊ မထိုးနိုင်ဘူးဆိုတာ ကျနော်တို့က လုပ်ကိုင်နေတဲ့လူတွေဖြစ်တယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးကလည်း ထောက်ခံထားတာရှိတယ်၊ ထောက်ခံတယ်ဆိုတာ အပင်စိုက်ပျိုးကြောင်း ထောက်ခံထားတာရှိတယ်၊ ကျနော်တို့မှာ ပြေစာအပြင်ကို ခိုင်မာတဲ့ဟာ စိုက်ပျိုးတာ လုပ်ကိုင်တာလည်းရှိတယ်၊ အပင်တွေပြစရာရှိပါတယ်ခင်ဗျ၊ လက်မှတ်မထိုးပဲ ကန့်ကွက်ဆန္ဒပြဖို့ပဲရှိပါတယ်"

ဒီမြေတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၁၉၉၉ ခုနှစ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတွေကို ချထားပေးပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကြားစာကို ခြံလုပ်ကိုင်နေသူတွေထံ ပေးပို့ထားပါတယ်။ ဒါပေမဲ့တောင်သူတွေက မိမိတို့မှာရှိတဲ့ စာရွက်စာတန်းတွေကို ပြသရှင်းလင်းပြီးဖြစ်တယ်လို့ ဆိုပါတယ် ။

တောင်သူတွေအနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကြမှာဖြစ်ပေမဲ့ လက်မှတ်ရေးထိုးဖို့မဟုတ်ဘဲ ကန့်ကွက်ဆန္ဒပြဖို့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ