Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အောင်မြေသာစံမြို့နယ်၌ မီးလောင်မှု ဖြစ်ပွား နေအိမ် လေးလုံး မီးလောင်ဆုံးရှုံး

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် သီရိမာလာ အနောက် ပွဲကုန်းရပ် အကွက်အမှတ် ၂၁၂၊၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ အိမ်ရှင် ဒေါ်မင်းနိုင်(ခ) ဒေါ်ဌေးဌေး၏ ပေ (၃၀_၂၀)၊ သွပ်မိုး ပျဉ်ထောင်နှစ်ထပ်နေအိမ်မီးဖိုမှ စတင်၍ ယနေ့နံနက် ၄ နာရီကျော်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ နေအိမ်လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ နေအိမ် တွင် မီးသွေးမီးဖိုဖြင့် ရေနွေးအိုးတည်ထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ထိုမှတစ်ဆင့် အိမ်ချင်းကပ်လျက် ရှိသည့် ထရံကာ၊ သွပ်မိုး တစ်ထပ် နေအိမ်နှစ်လုံးနှင့် ပေ ၂၀ ပတ်လည်ရှိ သွပ်မိုးထရံကာ နေအိမ်တို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်အုပ်ချုပ်မှုယာဉ် နှစ်စီးနှင့် မီးသတ်ယာဉ် ၅၀ တို့ဖြင့် ညွှန်ကြားရေးမှူး ဦးကြည်ဝင်းက ကြီးကြပ်ကွပ်ကဲကာ မြို့နယ်မှ တာဝန်ရှိသူများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀၊ အရန် မီးသတ်တပ်ဖွဲ့ဝင်၂၀၀၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ငြှိမ်းသတ်ခဲ့ကြပြီး နံနက် ၅ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၄၀၅၀၀၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ပြီး အမှတ်(၅) ရဲစခန်းက မီးစတင် လောင်ကျွမ်းသည့် အိမ်ရှင်ကို ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် မီးဘေးဒုက္ခသည် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၂ ဦးအတွက် အဆိုပါပွဲကုန်းရပ် ချမ်းသာကြီး ဓမ္မာရုံ၌ ယာယီမီးဘေး ကယ်ဆယ်ရေးစခန်း ဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ