Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

တယ်လီနောဆင်းကတ်များ မန္တလေးတွင် စတင်ရောင်းမည်ဟုကြေညာ

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်နှင့်မဆို တွဲဖက်သုံးစွဲနိုင်သည့် သရီးဂျီ၊ တူးဂျီ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၅ ရက် ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သည်။

မိုဘိုင်းကွန်ရက် စတင်ဖွင့်လှစ် ခြင်းကို စက်တင်ဘာ ၂၇ ရက်နံနက် ၁၁နာရီတွင် လုပ်ဆောင်ပြီး တစ်ပြိုင် နက်တည်း မန္တလေးမြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင် ၁၅ဝဝ ခန့်တွင် ဆင်းကတ်တစ်ကတ် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် စတင်ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။

တယ်လီနောက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မိုဘိုင်းဖုန်းအရောင်း ဆိုင် တစ်သိန်းနှင့် ချိတ်ဆက်ထားပြီး လက်ရှိတွင် တာဝါတိုင်တပ်ဆင်ထား ရှိမှု အခြေအနေအရ မန္တလေးမြို့ တွင် စတင်ရောင်းချပေးရခြင်းဖြစ်ပြီး တစ်လအတွင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တိုးချဲ့ရောင်းချပေး နိုင်ရန် ပြင်ဆင်ထားပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ၉ဝ ရာခိုင် နှုန်းကို တယ်လီနောဆင်းကတ်များ တွင်ကျယ်စွာ ရောင်းချပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာဖားဘာဂ်ျ့က ပြောကြားသည်။

''လိုင်စင်ရရှိပြီးတာ ရှစ်လရှိပါပြီ။ မန္တလေးကို ရွေးချယ်ရခြင်းကတော့ တာဝါတိုင် တပ်ဆင်မှု ပိုမိုအဆင်ပြေ တဲ့အပြင် ရာသီဥတုကောင်းမွန်တာ ကြောင့်လည်းဖြစ်ပါတယ်။ အရေး ကြီးတဲ့အချက်ကတော့ ရန်ကုန်မှာ လူတိုင်း ဖုန်းကိုင်ထားတာကြောင့် ကျွန်တော်တို့နယ်တွေကို ပိုပြီး တွင် ကျယ်စေချင်ပါတယ်။ တယ်လီနော ရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြို့တွေ အားလုံးကို ဆက်တိုက်အသုံးပြုနိုင် အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက တယ်လီနောဆင်းကတ်နဲ့ ဖုန်းပြော နေရင်း လိုင်းပြတ်တာမျိုးမဖြစ်အောင် အထူးဂရုပြုထားပါတယ်။ ဒုတိယ အချက်က ကျွန်တော်တို့ ဆင်းကတ် တွေက သရီးဂျီရော၊ တူးဂျီပါ အသုံးပြု နိုင်လို့ မည်သည့် ဟန်းဆက်နဲ့ မဆို တွဲဖက်အသုံးပြုနိုင်တယ်'' ဟု ၄င်းက ပြောကြားသည်။

တယ်လီနောမြန်မာဆင်းကတ် များကို အသုံးပြုနိုင်မည့် ဈေးနှုန်း များမှာ ဆင်းကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ၊ ပြည်တွင်း မည်သည့် ဖုန်းခေါ်ဆိုခကိုမဆို တစ်မိနစ်လျှင် ၂၅ ကျပ်၊ စာတိုပေးပို့မှု တစ်ခုလျှင် ၁၅ကျပ်၊ အင်တာနက်သုံးစွဲခနှုန်းမှာ မိုင်အင်တာနက်အဖြစ် သုံးစွဲမည်ဆိုပါ က အမြန်နှုန်း ၃ဝဝkbps နှုန်းဖြင့်1 MB သုံးပါက ငွေ ၆ ကျပ်နှုန်း၊ အမြန်နှုန်း 2 Mbps သုံးစွဲနိုင်မည့် စမတ်အင်တာနက်အဖြစ် သုံးစွဲပါက 1MB လျှင် ငွေ ၁ဝ ကျပ်နှုန်းဖြင့် လိုအပ်သလို သုံးစွဲနိုင်ကြောင်း သိရသည်။

လက်ရှိတွင် စတင်အသုံးပြုမှု ပရိုမိုးရှင်းကာလအတွင်းFacebook အခမဲ့အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းစွယ်စုံ ကျမ်းWikipedia အခမဲ့သုံးစွဲခွင့် ပေးမည်ဖြစ်ကြောင်း စီအီးအိုက ပြောကြားသည်။ ငွေဖြည့်ကတ်များကို ငွေကျပ် ၁ဝဝဝ၊ ၃ဝဝဝနှင့် ၅ဝဝဝ တန်များထားရှိပြီး မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၂၇ ရက်မှ စတင်၍ မန္တလေးမြို့အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေး သာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အောက် တိုဘာ ၃ ရက်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင် ဆက်လက်ရောင်းချပေးသွား မည်ဖြစ်သည်။
ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ဝ ရက်ဝန်းကျင်မှစတင်ကာ ရောင်း ချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)များသို့ အစဉ်လိုက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ