Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

အိမ်မွေးခွေးကို မြိုသည့် ၁၇ပေ ရှည်သော မြွေကို ကျောင်းဆရာ တစ်ဦးက နပမ်းလုံး ဖမ်းဆီး

AnacondaWeb
ဖရန့်ဂီနီယာ၊ စက်တင်ဘာ ၁၈။ အနောက် အာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်း ဖြစ်သည့် ဖရန့် ဂီနီယာနိုင်ငံတွင် ကျောင်းဆရာ တစ်ဦးက သူငယ်ချင်း ဖြစ်သူ၏ အိမ်မွေး အချစ်တော်ခွေးကို ဝါးမြို ခဲ့သော ၁၇ ပေ ရှည်သည့် အန်နာကွန်ဒါ မြွေကြီး တစ်ကောင်ကို မြစ်အတွင်းမှ ဖမ်းဆီပြီး သူ့အိမ်ရှိ ရေချိုးခန်း အတွင်း သယ်ဆောင်လာ ခဲ့သည်။

ဆီဘတ်စတိန်း ဘာကော်လက်စ် ဆိုသူ အသက် ၃၉ နှစ်ရှိ သချာင်္ဆရာ တစ်ဦးက ရေ တိမ်သော မြစ် တစ်မြစ် အတွင်း ခွေးကို မြိုခဲ့သည့် အန်နာကွန်ဒါ မြွေကြီးကို တွေ့ရှိပြီးနောက် မြစ်အတွင်း ခုန်ဆင်းကာ
ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ မြွေ၏ ပါးစပ်ကို သူဝတ်ဆင် လာသည့် တီရှပ်အင်္ကျီဖြင့် တုပ်နှောင်ပြီး အိမ်သို့ ကားနောက်ခန်းတွင် တင်ပြီး သယ်လာ ခဲ့သည်။ ယင်းနောက် ရေချိုးကန်အတွင်း ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။
ဆီဘတ်စတိန်း၏ သူငယ်ချင်း ဖြစ်သူက သူ၏ခွေးကို မြစ်ကမ်းပါး ထက်မှ မြွေကြီးက ဆွဲယူ ဝါးမြို သွားကြောင်း ဖုန်းဆက် အကြောင်းကြား သဖြင့် ယခုကဲ့သို့  သွားရောက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
မြွေကြီးအား ဖမ်းဆီးလာခဲ့ပြီး ရေချိုးကန် အတွင်း တစ်ညလုံး ထားခဲ့ကြောင်း၊ ဆီဘတ်စတိန်း၏ ဇနီးသည်မှာ သူတို့ ၏ သားသမီး ကလေးငယ် သုံးယောက်လည်း ရှိနေသဖြင့် စိုးရိမ် နေခဲ့ကြောင်း ၊ နောက်တစ်နေ့  မနက်မှ ယင်း မြွေကြီးကို မြစ်တစ်မြစ် အတွင်းသို့  သွားလွှတ်ပေး ခဲ့ကြောင်း ဆီဘတ်စတိန်း က ပြောသည်။
"ကျွန်တော့် သူငယ်ချင်း ဖုန်းဆက်တုန်းက ဒီလောက်ထိ ကြီးမယ့် မြွေလို့ မထင် ခဲ့ဘူး။ ရောက်တော့မှ မြွေရဲ့ အလုံးအထည်နဲ့ အားသန်မာမှုက လက်ဖျား ခါလောက်တယ်။ ကျွန်တော်က ဆယ်နှစ်သား လောက်ကတည်းက ဒီလို တွားသွား သတ္တဝါတွေကို ဖမ်းဆီး ရတာကို သဘောကျပြီး လုပ်ခဲ့တာပါ။ အန်နာကွန်ဒါ မြွေတွေ ၁၅ ကောင်နဲ့ အကောင်နှစ်ဆယ်ကြား ဖမ်းခဲ့ဖူး ပေမယ့် ခုမြွေကြီးလောက် ကြီးတဲ့ မြွေမျိုး မဖမ်းဖူးခဲ့ဘူး။ ဒီလိုမြွေမျိုးကြီးကို ဖမ်းဖို့ မျှော်လင့် နေခဲ့တာ။ ခုမှ တကယ် လက်တွေ့ ဖမ်းနိုင် ခဲ့ရတာပဲ ဖြစ်ပါတယ်"ဟု ဆီဘတ်စတိန်းက ပြောခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ