ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ ရဲလေးဦးက မြစ်ကြီးနားမြို့ က နေအိမ်တစ်အိမ်ကို
မူးယစ်ဆေးဝါး ဝင် ရောက် ရှာဖွေမယ်ဆိုပြီးတော့ ဖမ်းဝရမ်း မပါဘဲ ဝင်ရောက်
ရှာဖွေခဲ့ပါတယ်။ အခုတော့ အဲဒီရဲလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး မန်ခိန်ရပ်ကွက်က ဦးလဖိုင်ဇော်နူးရဲ့
နေအိမ်ကို သတင်းအရ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ မူးယစ်ဆေးဝါး
ဝင်ရောက်ရှာဖွေခဲ့ကြာတာပါ။ မူးယစ်ဆေးဝါး ရှာဖွေပြီးနောက် ငွေကျပ် ၁၅
သိန်းကို ယူဆောင်သွားခဲ့ကြတယ်လို့ မြစ်ကြီးနားမြို့မရဲတပ်ဖွဲ့ အသိုင်း
အဝိုင်း ကနေ သိရပါတယ်။
ကချင်ပြည်နယ် အမှတ် (၃ဝ) ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အဲဒီရဲလေးဦးကို
မူးယစ်ဆေးဝါး ရှာဖွေ မယ်ဆိုပြီး ငွေကျပ် ၁၅ သိန်းခန့်ကို
ယူဆောင်သွားတယ်လို့ ဦးလဖိုင်ဇော်နူးက တိုင်ကြားလာတဲ့ အတွက်
ဖမ်းဆီးစစ်ဆေးနေတာလို့ အဲဒီမြို့ ရဲတပ်ဖွဲ့က အမည်မဖော်လိုသည့် ရဲအရာရှိက
ပြောပါတယ်။
စက်တင်ဘာလ ၂၁ရက်နေ့မှာ မြို့နယ် ရဲတပ်ဖွဲ့က အဲဒီရဲတပ်ဖွဲ့ဝင်တွေကို
တရားစွဲဆိုသွားမယ်လို့လည်း သူက ဆိုပါတယ်။ “တရားလိုကလည်း ရဲတပ်ရင်းကပါ။
ရဲစည်းကမ်း ဖောက်ဖျက်တာဖြစ်လို့ ရဲတပ်ဖွဲ့စည်း ကမ်း ထိန်းသိမ်းရေး
ဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ပါ အရေးယူခံရမယ်” လို့ ရဲအရာရှိက ရှင်းပြပါတယ်။
မူးယစ်ဆေးဝါး လာရှာတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဝရမ်းလည်း မပါသလို
ယူနီဖောင်းလည်း မဝတ်ထား ဘူးလို့ ဦးလဖိုင်ဇော်နူးက ပြောပါတယ်။
မူးယစ်ဆေးဝါးရှာဖွေပြီးနောက် အိမ်အောက်မှာ ချိတ်ထားတဲ့ ဂျာကင်အင်္ကျီအတွင်က
ကျပ်လေးသိန်းနဲ့ အိမ်အပေါ်ထပ်က သံသေတ္တာက ငွေ ၁၁ သိန်းကို ယူသွားတယ်လို့ သူက
ဆိုပါတယ်။



































No comments:
Post a Comment