
တရားရုံးမှ စာတမ်းများအရ ချစ်သူမိန်းကလေးရဲ့ ကျောပြင်မှာ မစင်တုံးပုံစံများကို တက်တူးထိုးခဲ့ပြီးနောက် အဲဒီလူကို တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
တက်တူးပညာရှင် Ryan L. Fitzjerald အား သူ့ ရဲ့ ပြတ်စဲသွားပြီဖြစ်တဲ့ ချစ်သူဟောင်း Rossie Brovent က ဒေါ်လာ ၁ သိန်း သူမကို ပေးအပ်ရန် တရားရုံးတွင် တရားစွဲ တောင်းဆိုခံခဲ့ရပါတယ်။
သူမချစ်သူ ယင်းတက်တူးဆရာဟာ သူမကျောပြင်ပေါ်မှာ Narnia ရုပ်ရှင်ဇာတ်ကားထဲက ပုံစံတစ်ခုကို ထိုးပေးမယ်လို့ ပြောပြီး ထိုးပြီးသွားတဲ့နောက်မှာတော့ ပြောထားတဲ့ပုံအစား ဘေးပတ်လည်မှာ ယင်ကောင်တွေဝဲပျံနေတဲ့ ချေးပုံကြီးပုံစံကို ထိုးပေးခဲ့တယ်လို့  သူမက အခိုင်အမာပြောကြားခဲ့ပါတယ်။
ပြောကြားချက်တွေအရတော့ Ryan က သူ့ ချစ်သူကောင်မလေးဟာ ဟာ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ဦးနဲ့ တွဲခုတ်နေတာကို သိရှိသွားပြီးတဲ့နောက်မှာ ဒီလိုကလဲ့စားချေခဲ့ရတာလို့ ဆိုပါတယ်။အစောပိုင်းမှာ Rossie ဟာ Ryan ကို လက်ရောက်မှုနဲ့  တရားစွဲဖို့ ဖြစ်ပြီး ဒီဥာဏ်များတဲ့ တက်တူးဆရာဟာ ဒီတက်တူးမထိုးခင်မှာ သူမကို သဘောတူညီချက်ဖောင်မှာ လက်မှတ်ထိုးခိုင်းခဲ့ပြီး ဖောင်ထဲမှာ တက်တူးဒီဇိုင်းပုံစံကလည်း တက်တူးဆရာစိတ်ကြိုက်ထိုးနိုင်တယ်ဆိုတဲ့ အချက် ပါနေတယ်လို့ သိခဲ့ရပါတယ်။
သူမပြောကြားချက်အရ သူမဟာ ဒီသဘောတူညီချက်ဖောင်မှာ လက်မှတ်မထိုးခင်နဲ့ တက်တူးမထိုးခင်မှာ သူမကို ဈေးခပ်ပေါပေါဝိုင်တစ်ပုလင်း သောက်ခိုင်းခဲ့ပြီး တကီလာအရက်တွေလဲ သောက်ခဲ့တယ်လို့ ဆိုပါတယ်။
“အမှန်က ကျွန်မ တစ်ချိန်လုံးနီးပါး သတိလက်လွတ်ဖြစ်နေတာပါ။ ကျွန်မ နိုးလဲလာရော ကျွန်မကျောပေါ်မှာ ဒီရွံစရာ တက်တူးကြီးကို တွေ့ ရတော့တာပါပဲ” လို့  သူမကဆိုပါတယ်။ ကဲ ခင်ဗျာတို့ မိန်းကလေးတွေလဲ တက်တူးဆရာနဲ့ ကြိုက်မိပြီဆိုရင် မလိမ်မိဖို့ သတိတော့ ထားစေချင်တယ်။



































No comments:
Post a Comment