Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ယောင်္ကျားရှားနေ၍ အိမ်ထောင်ဖက် ရွေးဖို့ခက်နေတဲ့ အမျိုးသမီးများ နေသောမြို့




ဘရာဇီးနိုင်ငံ အရှေ့မြောက်ဖက်ရှိ နွိုင်ဗာဒို ကော်ဒေရိုအမည်ရ မြို့လေးတစ်မြို့သည် ထူးဆန်းစွာ
အမျိုးသမီးများသာ မှီတင်းနေထိုင်ကြသော မြို့ကလေးဖြစ်နေကြောင်း ယူပီအိုင်သတင်းဌာနက
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။

ယင်းမြို့ကလေးတွင် အမျိုးသမီးဦးရေ စုစုပေါင်း ၆၀၀ ခန့် ရှိပြီး မြို့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု
အာဏာအရပ်ရပ်တို့ကို အမျိုးသမီးများ စိတ်တိုင်းကျသာ လုပ်ဆောင်နေလျက်ရှိပြီး
မြို့ခံအမျိုးသားများမှာ အခြားမြို့များသို့ အလုပ်သွားရောက် လုပ်ကိုင်ကြကာ ယင်းတို့အနက်
အိမ်ထောင်သည် အမျိုးသားများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တိုင်းပါဝင်ကြောင်း
The Mirror သတင်းစာက ရေးသားသည်။

အမျိုးသမီးများသာ နေထိုင်သည့်အတွက် အချို့က မနှစ်မြို့ကြပေ။

အချိန်တန် အရွယ်ရောက်သူများအဖို့ သူစိမ်းယောက်ျား ရှားပါးပြတ်လပ်မှုကြောင့် ဘ၀လက်တွဲဖော်
ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။

"ဒီမှာရှိတဲ့ အမျိုးသားအများစုက အိမ်ထောင်သည်တွေ၊ ဒါမှမဟုတ်ရင်တောင် ကျွန်မတို့နဲ့
ဆွေမျိုးတော်စပ်သူတွေ ဖြစ်ပါတယ်။ ကျွန်မဆိုရင် ရည်းစားမထားဖူးတာတောင် တော်တော်ကြာ
သွားခဲ့ပြီ" ဟု အသက် ၂၃ နှစ်အရွယ်ရှိ နယ်လ်မာဖာနန်ဒက်စ်က ပြောသည်။

ယင်းမြို့မှ အမျိုးသမီးများသည် ယခုအခါတွင် ၎င်းတို့၏ မြို့သို့ လူလွတ်အမျိုးသားများ လာရောက်
အခြေချနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြရန် ဆွဲဆောင်နေကြ
သော်လည်း အမျိုးသားများ သွားရောက် အခြေချနေထိုင်ပါက မြို့ခံအမျိုးသမီးများ၏ အုပ်ချုပ်မှုနှင့်
ယင်းတို့၏ အာဏာစက်အောက်တွင် နေထိုင်ရမည်သာဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ