Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ကြောင်ချစ်တတ်လွန်းသူ ဇနီးကို သည်းမခံနိုင်တော့သည့် ခင်ပွန်း

ကြောင်များကို အလွန်ချစ်မြတ်နိုးသည့် ဇနီးဖြစ်သူအပေါ် ၎င်း၏ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားပြီဟုလည်း အဆိုပါ အမျိုးသားက ရာဘီနီကယ်လ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့
ကြောင်ချစ်တတ်လွန်းသူ ဇနီးကို သည်းမခံနိုင်တော့သည့် ခင်ပွန်း
ဇနီးဖြစ်သူ မွေးထားသည့် ကြောင်ပေါင်း အကောင်(၅၅၀)ကြောင့် လင်မယား ကွာရှင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သတင်းများက အမည်ဖော်မပြသော အစ္စရေး နိုင်ငံသား တစ်ဦးသည် ဇနီးဖြစ်သူနှင့် ကွာရှင်းခွင့် ရလိုကြောင်း တရားရုံးထံ ဦးတိုက် လျှောက်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဇနီးက အိမ်တွင် မွေးထားသည့် ကြောင်ပေါင်း (၅၅၀)ကို ခွဲခွာရန် ငြင်းဆိုခြင်းကြောင့်ဟု သိရသည်။ ကြောင်များကို အလွန်ချစ်မြတ်နိုးသည့် ဇနီးဖြစ်သူအပေါ် ၎င်း၏ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားပြီဟုလည်း အဆိုပါ အမျိုးသားက ရာဘီနီကယ်လ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း ဂျေရုဆလင်ထုတ် Times of Israel သတင်းစာက ဖော်ပြခဲ့သည်။





ကြောင်များကို စိတ်ကုန်နေသော အမျိုးသားက မိမိသည် ရေချိုးခန်းထဲ ၀င်ရန်ပင် ခြေချစရာ နေရာမရှိအောင် ကြောင်များဖြင့် နေအိမ်တွင် ပြည့်နှက်နေမှုအပေါ် စိတ်ကုန်နေပြီဟု ဆိုသည်။ ထို့အပြင် ၎င်းသည် အစာစားချိန်တွင်ပင် စားပွဲပေါ် တင်စားပါက ကြောင်များ၏ လုယက်ခြင်းကြောင့် ဒုက္ခရောက်လေ့ ရှိကြောင်းလည်း တရားရုံးသို့ တင်သွင်းသော ကွာရှင်းခွင့် လျှောက်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအနေဖြင့် မီးဖိုခန်းထဲဝင်၍ ချက်ပြုတ်ရန်လည်း မဖြစ်နိုင်တော့ဟု တရားရုံးသို့ အသိပေးခဲ့ကြောင်း ဟီးဘရူး ဘာသာဖြင့် ထုတ်ဝေသော Maariv သတင်းစာက ဖော်ပြသွားသည်။

ထောင်ပြည့်ကိန်း တစ်ဝက်ကျော်ရှိသော ကြောင်များ ကြီးစိုးထားသည့် နေအိမ်တွင် ထိုသူ ကောင်းမွန်စွာ အိပ်စက် မရခြင်းမှာမူ ၎င်းကိုယ်တိုင် ထုတ်မပြောမီကတည်းက ပုံဖော် စိတ်ကူးကြည့်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ တရားရုံးက လင်မယားနှစ်ဦး ပြန်လည် ညှိနှိုင်းရန် ကြားဝင်ပေးခဲ့သော်လည်း ဇနီးဖြစ်သူက ကြောင်များအစား ခင်ပွန်းနှင့်သာ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ