Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

၁ဝနှစ်ကျော် ထားခဲ့တဲ့ ဆံပင်ရှည်ကို ညှပ်လိုက်ပြီ ဖြစ်တဲ့ ခေတ်သစ် နောနော်

စာမျက်နှာတွေပေါ်က ပျောက်ချက်သား ကောင်းနေတဲ့ တေးသံရှင် နောနော်နဲ့ မတွေ့တာ ၆လနီးပါး ရှိပါပြီ။ ပြန်တွေ့ဖြစ်တဲ့ အချိန်မှာတော့ နောနော်က အရင်နောနော် နဲ့ ကွဲပြားနေပါတယ်။ သူ့ကိုမြင်တွေ့နေကျ ပုံစံဆံပင် ရှည်ရှည် တွန့်တွန့်နဲ့ မဟုတ်တော့ဘဲ ဘေးအပြောင် နဲ့ အပေါ်ကို ဘေးခွဲထားတဲ့ ဆံပင် ပုံစံနဲ့တွေ့ ရပါတယ်။ ဒါက စိတ်သစ် လူသစ်နဲ့ အရာရာကို
အသစ်ပြောင်းလဲ လိုက်တဲ့ သဘောလား ဆိုတာကိုတော့ နောနော်က “အဲ့ဒီလိုလည်း မဟုတ်ပါဘူး။ ကျွန်တော်က စတူဒီယိုထဲ မှာ အမြဲ တီးခတ်နေတော့ ဆံပင်ရှည် နဲ့ဆို နည်းနည်း အိုက်လာလို့ ညှပ်လိုက်တာပါ။ တအား ပူလာလို့ မခံနိုင်လို့ ညှပ်လိုက်တာ”လို့ စကားနည်းတဲ့နော နော်က ဒီလောက်ပဲဖြေခဲ့ ပါတယ်။
နောနော်က ပျောက်နေတဲ့ ကာလတွေမှာ ပြည်ပပွဲတွေ သွားရောက် ဖျော်ဖြေမှုနဲ့ သူ့ရဲ့စီးရီးသစ် အတွက် လုံးပန်းနေ တာကြောင့် ပရိသတ်ရှေ့ သိပ်မထွက် ဖြစ် တာလို့ လည်း ပြောပါတယ်။ “ကျွန်တော့်ရဲ့ ငါးခွေမြောက် စီးရီးသစ် ကို လက် စသတ်နေပါတယ်။ အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ နည်းနည်း ငြိမ်နေ တယ် ဆို တာက အခွေသစ် အတွက် အားယူနေတာပါ။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ထုံးစံ အတိုင်း ဒီနှစ်မှာလည်း ပြုလုပ်ဖြစ် ဦးမှာပါ”လို့ နောနော်က သူ့ရဲ့ လတ် တလော အကြောင်း များကို ပြောပြခဲ့ပြီး သူ့ရဲ့အချစ်ရေး ကိစ္စနဲ့ပတ်သက်တာ ကိုတော့ ရေငုံနှုတ်ပိတ်နေ ခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ