Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

သူ .... သိစေ။

ကျနော် ပုံအောထားတဲ့ အဲ့ဒီအလင်းတွေ
သူ့တစ်ကိုယ်စာ
ကျနော် ... လဲ့ဖြာရူးသွပ်ထားတယ်။
လမင်းအနားသတ်ကလေးပဲဖြစ်ဖြစ်
ဝလုံးရဲ့ အစဦးပိုင်းလေးပဲဖြစ်ဖြစ်
ကျနော် သိမ်းပိုက်ခမ်းနားချင်တာမဟုတ်ပါဘူး
ကျနော်က ကောင်းကင်ကို ငေးမော့ကြည့်ရုံ။


ဝင်းပလင်းမြလှတဲ့ ကြည်မွေ့မွေ့
သူ့အပြုံးတစ်စွန်းတစ်စမှာ
ကျနော် တုန်ယင်လှိုက်ဖိုသွားဖူးတယ်
နူးညံ့ယောင်ဆောင်ထားတဲ့ အေးစက်စက်စကားလုံးရိုင်းတွေ
ခုချိန်ခါ
ပြန်ကြားယောင်ပါရဲ့ မျက်ခုံးကွေးလေးရယ်
ကျနော်က မြှားဆိပ်သင့်သူ သားကောင်ကောင်းလဲ ဖြစ်ခဲ့တယ်။

သတိရခြင်းတွေဟာ တတိတိနဲ့ ကျနော့်ကို တိုက်စား
နာကျင်နေမှန်းမေ့နေလောက်အောင် နာကျင်ရတယ်
ဖတ်နေတဲ့ စာအုပ်တွေ၊ စိတ်ဖြစ်စဉ် ထိန်းချုပ်မှုတွေကြားမှာ
အလွမ်းက နေရာမလပ် ၀င်ယူ
သူ့ရဲ့ မျက်တောင်စိုက်စိုက်ကလေးရယ်၊
မျက်လုံးဝိုင်းကြည်ကြည်ကလေးရယ်၊
မကြာမကြာ ဘယ်ဘက်ရင်ဘတ်ထဲက ထုတ်ထုတ်ကြည့်ဖြစ်ရတယ်
နေသာပါရဲ့ကွယ်။

တိုက်ခတ်သွားတဲ့လေပြည်တွေရယ်
ဝေ့လွင့်သွားတဲ့ တိမ်တိုက်တွေရယ်
ပျံသန်းသွားတဲ့ အိမ်ပြန်ငှက်တွေရယ်
သူတို့တွေကြားမှာ သူ့ရဲ့ သတင်းစကားကို ကြားရသလို
ကောင်းကင်အနားသတ်တွေဆီမှာ သူ့ရဲ့ အပြုံးကြည်စင်တွေကို မြင်ရသလို
အသားတကျ ကျနော် သတိရတတ်တယ်
အရှက်ရခဲ့တဲ့ ဂုဏ်ပုဒ်တစ်ချို့ကို သေသေသပ်သပ်ဝှက်သိမ်း
ကျနော့်ရဲ့ နွမ်းလျသိမ်ငယ်ခြင်းတွေ ဖြည်းဖြည်းချင်း ရင့်သန်လာခဲ့ပြီ။

မက်ခဲ့တဲ့အိပ်မက်တွေ ..
မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ
ကျိုးပျက်သွားတဲ့ အကြောင်းအရာတွေ
ပြန်ပြောင်းအောက်မေ့ရင်း
နေ့ရက်ရှည်တွေ အားစိုက် ဖြတ်သန်းနေခဲ့ရ။
ဘာကိုမှ မတောင့်တတော့ပါဘူး
တစ်ခါတလေ အထီးကျန်ဆန်ဆန် ငြီးငွေ့ဖွယ် နာကျင်ခြင်းတွေနဲ့
ခပ်ပြပြ ဆုတောင်းမိတယ်
ရင်နှင့်အမျှ
(သူ)
ငြိမ်းမြပါစေ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ