Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

မိုး

မိုး-(၁)

ချစ်သူဟာ
မိုးစက်မှုန်မွှားလေးဖြစ်တယ်
သူ့ စကားလုံးရွာကျမှုတွေနဲ့
သစ်ပင်ကို တတိတိ စိုစွတ်နေစေရဲ့။

ချစ်သူဟာ
ဝလုံးကလေးဖြစ်တယ်
ခုံးနေတဲ့ မျက်ခုံးနက်နက်ကလေးတွေရယ်
ဝိုင်းစက်စက်မျက်လုံးကလေးတွေရယ်နဲ့
သစ်ပင်ကို စကားလုံးတွေ ရေးခြယ်တယ်။


ချစ်သူဟာ
ဘဂ၀ါဂီတလေး ဖြစ်တယ်
တင်းတင်းစေ့ထားတဲ့ ပါးလျလျနှုတ်ခမ်းတစ်စုံနဲ့
သစ်ပင်ရဲ့ ကျမ်းအဆူဆူကို လက်ညှိုးညွှန်
အမိန့်တွေကို စာချွန်လွှတ်တယ်။

ကျနော်က သစ်တစ်ပင်ပါ
ချစ်သူအိပ်တန်းတက်မယ့် တံတျာနဲ့
ရေသောက်မြစ်တွေကို အသက်ဆက်နေခဲ့ရ ...။


မိုး-(၂)

ကျနော့်အတွက် ... ၀ဋ်အကြီးအကျယ်လည်ရမယ့်အခါသမယဟာ ..
ဒီနေ့ညမှာ .. ကျနော့်ဘက်ဘက်ရင်အုံထဲ ..
ဆိုင်းမဆင့် ဘုံမဆင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။

ပြင်ဆင်ချိန်မရလိုက်ပါဘဲ .. ကျနော်ဟာ အလဲလဲ အပြိုပြို
ရှိုက်ကြီးတငင် ဒူးထောက်ရခြင်းတွေ ကမ်းပါးမြေမြို ဖြစ်ကြရ
တင်းတင်းစေ့ထားတဲ့ဝါကျတွေဟာ ကျနော့်ရဲ့ သွေးကြောတွေကို ဆွဲညှစ်နေခဲ့
တုန်ရီအေးစက် မေးချင်းရိုက်ခတ်နေတာတောင်မှ
ကျနော့်ကို ကြောက်လန့်ခြင်းတွေ အုတ်အော်သောင်းနင်း ပွဲတော်တည်တယ်

ထားမသွားဖို့ရယ် .. တောင်းပန်စကားရယ် ..
တောင်းပန်စကားရယ် ... ထားမသွားဖို့ရယ် ..
ကျနော် သိတာ အဲ့ဒီ စကားနှစ်ခွန်းထဲ
အဲ့ဒီ စကားနှစ်ခွန်းထဲနဲ့ပဲ ကျနော်...
ဘ၀ကို အဆုံးစီရင်ချင်လာတယ်

ဒီလိုမှန်းသိခဲ့ရင်
ကျနော့်ဆီကို အလင်းတွေ သယ်ဆောင်မလာဖို့ ကျနော်ပြောခဲ့မိပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ပေါ့
ကျနော့်ကို ခွင့်လွှတ်ဖို့အကြောင်း
အဲ့ဒီ အရှေ့မြောက်အရပ်မှာရှိတဲ့ ကျနော့် လမင်းဆီ
ဒူးထောက်ထားတဲ့ သွေးစက်စက်တွေ
တခုတ်တရထုပ်ပိုးပြီး
လေပြေတွေနဲ့ ထည့်ပေးလိုက်ချင်ပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ