Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

၁၅၀၀ တန်ဆင်းကတ် နယ်မြို့တချို့တွင် လိုင်းမမိ

မြန်မာ ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ)က ၁၅၀၀ တန် ဆင်းကတ်တွေကို ရောင်းချ ပေးနေပေမယ့် တာဝါတိုင်တွေ ထပ်မံ ထောင်ပေးခြင်း မရှိတဲ့အတွက် ဒီဆင်းကတ်တွေဟာ တချို့ ပြည်နယ်တွေမှာ ဆက်သွယ်လို့ မရဘူးလို့ အသုံးပြု သူတွေက ပြောပါတယ်။

ချင်း၊ ကယားနဲ့ ရခိုင်ပြည်နယ် တွေမှာတော့ ၁၅၀၀ ဆင်းကတ်တွေ ရောင်းချနေပေမယ့် မြို့အချို့မှာသာ ဆက်သွယ်လို့ ရပြီး နေရာအတော်များများမှာ လိုင်းမမိတဲ့ ပြဿနာကို ရင်ဆိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ ကန်ပက်လက်၊ ထန်တလန်နဲ့ ပလက်ဝမြို့တို့မှာ ၁၅၀၀ တန်ဖုန်းတွေ လိုင်းမမိသလို အော်ရီဒူးနဲ့ တယ်လီနော်တို့က ဆင်းကတ်တွေ ရောင်းချရင်လည်း တာဝါတိုင်တွေ မရှိတဲ့ အတွက် ဒီလို ဖြစ်နေမှာ ဖြစ်တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက အတွင်းရေးမှူး ဆလိုင်းမျိုးချစ်က ပြောပါတယ်။

တာဝါတိုင်တွေ စိုက်ထူခြင်း မရှိရင်တော့ ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်ဆောင်ခွင့် ရထားတာပဲ ဖြစ်စေ ကျေးလက်ဒေသတွေကတော့ လက်လှမ်းမီမှာ မဟုတ်ဘူးလို့ သူက အခုလို ပြောပါတယ်။

“တချို့မြို့တွေမှာ မမိဘူးဖြစ်နေတယ်။ ရွာမှာဆိုရင်တော့ ပြောစရာတောင် မလိုဘူး။ ဖုန်းဆက်ဖို့အရေး မြို့ကို ခြေကျင်သွားရတာတွေ၊ တောင်ပေါ်အမြင့်ကြီးကို တက်ပြီး ဖုန်းပြောဖို့ သွားရတာတွေ ရှိတယ်။ သူတို့ကလည်း စီပွားရေးသမားတွေဆိုတော့ စီးပွားရေး တွက်ခြေကိုက်တဲ့ နေရာတွေမှာပဲ သူတို့က တာဝါတိုင်တွေ ထောင်တယ်။ လူနည်းစုတွေ ရှိတဲ့နေရာတွေမှာ တွက်ခြေမကိုက်တဲ့ အပိုင်းတွေလည်း ရှိမှာပေါ့။ အဲဒါကြောင့် ကျနော်တို့ဆီကို လက်လှမ်းမီလာနိုင်ဖို့ အခက်အခဲရှိနေတုန်းပေါ့။”

ကယားပြည်နယ်မှာတော့ မြို့တော် လွိုင်ကော်နဲ့ အနီးတ၀ိုက်မှာသာ လိုင်းမိပြီးတော့ ကျန်တဲ့မြို့တွေ ဖြစ်တဲ့ ဒီမောဆို၊ ဖာဆောင်းနဲ့ ဘော်လခဲ စတဲ့မြို့တွေမှာတော့ ၁၅၀၀ တန်ဖုန်းဟာ လိုင်းမမိဘူးလို့ ဒီမောဆိုဒေသခံ ကိုဆန်းဖြိုးထွန်းက ပြောပါတယ်။

“ငွေတောင်မှာဆိုရင် ဂျီအက်ဖ်အမ်ဖုန်းဆိုရင် ငွေတောင်ဆည်ပေါ် တက်သုံးရတယ်။ အဲဒါကြောင့် သူများက တကူးတက မ၀ယ်တော့ဘူး။ အစိုးရ ဂျီအက်ဖ်အမ်တာဝါတိုင်တွေကို စက်တင်ဘာလကုန် ထောင်ပေးမယ်လို့ ပြောတာပဲ။ အဲဒီတိုင်တွေ မပြီးသေးတဲ့အတွက် ဖုန်းတွေက အခုထက်ထိ သုံးမရသေးဘူး။”

ဒီအတွက် လွိုင်ကော်မြို့ပေါ်က လူအများစုက ၁၅၀၀ တန်ဖုန်းကိုတော့ ၀ယ်ယူကြပေမယ့်ကျန်တဲ့ မြို့တွေကတော့ ၀ယ်ယူတာ သိပ်မတွေ့ရဘူးလို့ သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်ကုန်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ ဆင်းကတ်ပေါင်း ၅ သန်းကျော်ကို ရောင်းချသွားဖို့ စီစဉ်နေသလို မိုဘိုင်းဖုန်းများနဲ့ လိုင်းဖုန်းများရဲ့ ကွန်ရက်ဆက်သွယ်မှုကို မြှင့်တင် တိုးချဲ့တာ နိုင်ငံတကာဆက်သွယ်နိုင်မှုနဲ့ အဓိကအကျဆုံး အခြေခံ အဆောက်အအုံတွေကို အဆင့်မြှင့်တင်တာတွေကို ဆောင်ရွက်နေပြီလို့ အမ်ပီတီရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်မှာလည်း တာဝါတိုင်တွေ မထောင်ဘဲ ဆင်းကတ်တွေကို သာ ရောင်းချတဲ့အတွက် လိုင်းကြပ်တာတွေနဲ့ လိုင်းမမိတာတွေ ဖြစ်တယ်လို့  ရခိုင်လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (အေအိပ်ခ်ျအာရ်ဒီအို) ဦးအောင်မင်းဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာဆိုရင် ဆင်းကဒ်တွေကို မရောင်းခင် တိုင်တွေ အရင်ထူတယ်။ တိုင်တွေ ထူပြီးမှ ဆင်းကတ်တွေကို ရောင်းတယ်။ မြန်မာပြည်က ပြောင်းပြန် ဖြစ်နေပြီ။ ဆင်းကဒ်တွေကို ရောင်းပြီးမှ တိုင်တွေကို လိုက်ထောင်တယ်။ အဲဒါကြောင့် လိုင်းတွေက ကျပ်တယ်လို့ ကျနော် မြင်တာပဲ။”

လိုင်းမိတယ်ဆိုရင်တော့ နယ်ကလူတွေကလည်း ဖုန်းတွေကို ပိုမို ၀ယ်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်တယ်လို့သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ အော်ရီဒူးနဲ့ အမ်ပီတီတို့က ဆင်းကတ်တွေကို ရောင်းချနေပေမယ့် လိုင်းမမိတဲ့ ပြဿနာက ဖုန်းသုံးစွဲသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ