Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

သမ္မတအိုဘားမား ကုလညီလာခံမှာ IS အန္တရာယ် ပြော

နယူးယောက် မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ အမေရိကန် သမ္မတ အိုဘားမား က အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ရဲ့ ရန် ကို အဓိက ထားပြောကြား တဲ့ အခါမှာ၊ အမေရိကန် ရဲ့ နိုင်ငံခြားရေး ပေါ်လစီ ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို ဘဲ ဇောင်းပေး တာ မဟုတ်ပေ မဲ့၊ လက်ရှိ အခြေအနေ အရ ကမ္ဘာ ကို ခြိမ်းခြောက်နေတဲ့ အိုင်အက်စ် အဖွဲ့ ကို အာရုံစိုက်နေ ရတဲ့ အကြောင်း ပြောပါတယ်။

ဒါ ဟာ ဘာကို ပြသ သလည်း ဆိုရင်၊ မနှစ် က အိုင်အက်စ် အဖွဲ့ ရဲ့ အန္တရာယ် ဟာ အခုလောက် မကြီးထွား သေးဘူးလို့ ဆိုပေမဲ့၊ လတ်တလော အနေအထား အရ သူ့သမ္မတ သက်တမ်း ကုန်တဲ့ အထိ၊ သူ့စကား အတိုင်း ပြောရရင် သေမင်းတမန် ကွန်ယက် ဟာ သူ့ ကို အလုပ်ရှုတ်နေစေ မှာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် နှိမ်နင်းရေး မှာ နိုင်ငံပေါင်း ၅ဝ ကျော်၊ ပူးပေါင်း ပါဝင် လာပြီ ဖြစ်တဲ့ အတွက်၊ ကမ္ဘာ့ နိုင်ငံတွေ အကြားမှာ ခိုင်ခံတဲ့ လှုပ်ရှားမှု၊ ပြောသလို လုပ်ရမဲ့ အနေအထား၊ ကုလ သမဂ္ဂ ဆုံးဖြတ်ချက် တွေ နဲ့ မလုံလောက်တော့ ဘူးဆိုတာတွေ ကို သမ္မတ အိုဘားမား က ထောက်ပြ သွားပါ တယ်။ ဒီ အကြမ်းဖက် သမားတွေ အတွက် နယ်ခြား ဆိုတာလည်း မရှိလို့ ဒေသတွင်းသာမက၊ ကမ္ဘာ ကို ပါ ခြိမ်းခြောက်တဲ့ အဆင့် ရောက်နေတာကိုလည်း ပြောသွားပါတယ်။

ဒါပေမဲ့ အိုင်အက်စ် နှိမ်နင်းရေး မှာ တိုက်ပွဲတွေ ဘဲ ဦးစားပေးနေလို့ မဖြစ်ဘဲ၊ လူငယ်တွေ ရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ထဲ ပါနေတဲ့၊ အကြမ်းဖက်မှု နဲ့ ပြဿနာ ကို ဖြေရှင်းမယ်၊ နိုင်ငံရေး အရ အကျပ်ကိုင်မယ် ဆိုတဲ့ အယူအဆ ကိုပါ သတိချပ် ဖို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။


ကုလညီလာခံတက် သမ္မတ အိုဘားမား

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ