Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

IS ရဲ့ ရေနံ စက်ရုံတွေကို ကန် ဦးတည် တိုက်ခိုက်

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တွေက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်နေရာမှာ တတိယ မြောက်နေ့ တိုက်ခိုက်မှု အဖြစ် ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံချက် စက်ရုံ ၁၂ ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီ ပစ်မှတ်တွေကို အမေရိကန်၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က တိုက်လေယာဉ် တွေနဲ့ တိုက်ခိုက် ခဲ့ကြပြီး IS တိုက်ခိုက်ရေး သမား ၁၄ ဦးနဲ့ ဆီးရီးယား အရှေ့ပိုင်းက အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီ ရေနံချက် စက်ရုံတွေဟာ IS စစ်သွေးကြွတွေ အတွက် တစ်နေ့ကို ဒေါ်လာ ၂ သန်း အထိ ဝင်ငွေ ရှာပေးနေတာ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ဆိုပါတယ်။

အခု တိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေကို သတ်ဖြတ်ဖို့ အဓိက ရည်ရွယ်တာ မဟုတ်ဘဲ IS အဖွဲ့ အတွက် အဓိက ဝင်ငွေ ရှာပေးနေတဲ့ နေရာ ဌာနတွေကိုသာ ဦးတည် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

IS အဖွဲ့ရဲ့ ကွန်ယက်တွေကို အလုံးစုံ ဖြိုဖျက်ပစ်ဖို့ အမေရိကန် သမ္မတ အိုဘားမားက ကတိပေး ထားခဲ့ပါတယ်။

အမေရိကန်ရဲ့ F-18E Super Hornet တိုက်လေယာဉ် အီရတ် မြောက်ပိုင်း ဝေဟင်မှာ ဆီဖြည့်စဉ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ