Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မှုခင်းတွေ ထူပြောလာမှု ရန်ကုန်လွှတ်တော်မှာ အဆိုပြုဆွေးနွေး


ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ အဖြစ်များလာတဲ့ လူသတ်မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ လက်နက်ကိုင် ရမ်းကားမှုတွေကို ထိထိရောက်ရောက် ဥပဒေတွေနဲ့ အရေးယူ ပေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက တင်သွင်းခဲ့ တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်း အတွင်းက အမှုအခင်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို တရားခံ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အခုလို ပြောခဲ့ပါတယ်။

"ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထရှိတဲ့ ပြစ်မှုများ၊ ပြုလုပ်လေ့ပြုလုပ်ထရှိတဲ့ ပြစ်မှုအမျိုးအစားအလိုက် ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်စေရန် ဥပဒေနဲ့ ညီညွှတ်သော နည်းလမ်းပေါင်းစုံ အသုံးပြုပြီးတော့မှ ကာလတို၊ ကာလာ ရှည် စီမံချက်များ သုံးသပ်ရေးဆွဲပြီး မှုခင်းကြိုတင်ကာကွယ်ရေးကိစ္စရပ်များ ပြစ်မှုကျူးလွန်မှုအပေါ်မှာ ဖော်ထုတ် ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ တရားစွဲတင်ရေးကိစ္စရပ်များကို အပတ်တကုတ် ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်၊ နိုင်ငံတော်ရဲ့ အစီအမံနဲ့ ချမှတ်အကောင်အထည်ဖော်နေတဲ့ EU မှ ရဲတပ်ဖွဲ့အရာရှိများ ဦးစီးပြီးတော့မှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာသင်တန်းတွေ၊ လုံခြုံရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါတယ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့ လူသတ်မှုနဲ့ တိုက်ခိုက်မှုတွေကို ရဲစခန်းတွေက အရေးယူဆောင်ရွက် တာ အားနည်းနေသလို တရားရုံးတွေက ချမှတ်တဲ့ပြစ်ဒဏ်တွေဟာ နည်းနေကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ