Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ထိုင်း ၂ ဦးကို စစ်ဆေး


ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့တပတ်က ဗြိတိန်စုံတွဲ ၂ ဦး သတ်ဖြတ်ခံရမှု ဆက်နွှယ်တဲ့ ထိုင်းဒေသခံ ၂ ဦးကို ရဲတွေက ခေါ်ယူ မေးမြန်းခဲ့တယ်လို့ အမှတ် ၈ ဒေသ ရဲကော်မရှင်နာမင်းကြီး Panya Mamen က မနေ့က ပြောဆိုပါတယ်။

ဗြိတိန်စုံတွဲ အသတ်မခံရခင် လုံခြုံရေးကင်မရာမှာ ဖမ်းမိထားသူဟာ အသက် ၄၅ နှစ်အရွယ် အေစီအရက်ဘား မန်နေဂျာ Montriwat Toovichien ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

0စုံတွဲ ၂ ဦး အသတ်ခံရပြီး ပထမဆုံးသွားကြည့် သူတွေထဲမှာ Montriwat လည်း ပါဝင်ခဲ့ပြီး ရဲတွေနဲ့ သူစကားပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အေစီအရက်ဘားမှာ စားပွဲထိုးလုပ်နေတဲ့ စကော့တလန်နိုင်ငံသား Sean McAnna က ဘားမန်နေဂျာ Montriwat ဟာ သူ့ကို ထပ်မံသတ်ဖြတ်ဖို့ ကြိုးစားသူ ၂ ယောက်ထဲက တယောက်လို့ ရဲတွေကို တိုင်ကြားထားပါတယ်။

Montriwat ရဲ့ အစ်ကိုဖြစ်သူ Voraphan ဟာ ကော့တောင်ကျေးရွာရဲ့ သူကြီးဖြစ်ပြီး အေစီအရက်ဘားရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။

သူတို့ညီအစ်ကို ၂ ဦးလုံးကို ရဲက မနေ့က စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့ရဲ့ ဒီအန်အေ ကိုလည်း ယူထားလိုက်ပါတယ်။

ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနဲ့ ရဲတွေက အေစီအရက်ဘားကို အဓိကသံသယဖြစ်နေပြီး အရက်ဘားမှာ အလုပ်လုပ်သူတွေအားလုံးရဲ့ ဒီအန်အေကိုလည်း ရဲတွေက ယူထားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် စကော့တလန်စားပွဲထိုး Sean McAnna က သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားသူ ထိုင်း ၂ ဦးကို သူရဲ့ Facebook ပေါ်မှာ ဓာတ်ပုံနဲ့တကွ တင်လိုက်ပြီးနောက်ပိုင်း ရဲတွေက ဓာတ်ပုံထဲက ထိုင်းဒေသခံနှစ်ဦးကို လိုက်လံစစ်ဆေးတော့တာဖြစ်ပါတယ်။

Sean McAnna က ထိုင်းရဲနဲ့ ဗြိတိန်သံရုံးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး သူလည်း ဗြိတိန်သံရုံး နဲ့ ဗြိတိန်သတင်းဌာနတွေရဲ့ လုံခြုံရေးအစီအစဉ်နဲ့ ကျွန်းက ထွက်ခွာခဲ့ရပါတယ်။

လူသတ်တရားခံတွေက သူ့ကို ထပ်မံသတ်ဖြတ်ဖို့ ကြိုးစားနေကြပြီး ဗြိတိန်အတွဲကို နိုင်ငံခြားသားတဦးဦးက သတ်ဖြတ်သယောင် လုပ်ဖို့ စီစဉ်နေတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဗြိတိန်စုံတွဲကို ထိုင်းတွေက သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်ကို မရောက်အောင် နောက်ထပ် နိုင်ငံခြားသားတဦးကို သတ်ဖြတ်ပြီး နောက်ဆုံး အဲ့ဒီနိုင်ငံခြားသားက သူ့ကိုယ်သူ သတ်သေတဲ့ပုံစံဖြစ်အောင် စီစဉ်နေကြတာလို့ Sean McAnna က စက်တင်ဘာ ၂၂ ရက်နေ့မှာ ဗြိတိန်တယ်လီဂရက်သတင်းစာကို ပြောဆိုခဲ့ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ