Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မှော်ဘီဝါးနက်ချောင်း စစ်တပ် မြေသိမ်းယူမှု လယ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက ခြံမြေဧက ၁၀၀ကျော်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ပိုင်မြေဖြစ်ကြောင်း အဲ့ဒီခြံမြေတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ တောင်သူတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ဒီနေ့ ၀ါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ လယ်သမားတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လက်မှတ်မရေး ထိုးခဲ့ဘဲ လယ်သမားတွေက ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ၀ါးနက်ချောင်းကျေးရွာက လယ်သမား ဦးအေးနိုင်က ပြောပါတယ်။

"ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိမ်းတယ်ဆိုပြီးမှ ကျနော်တို့ကို စာတွေဘာတွေလည်း ထုတ်မပေးဘူး၊ ကျနော်တို့ ဘိုးဘွားဘီဘင် စိုက်ပျိုးထားတဲ့ခြံတွေပေါ့နော်၊ ရော်ဘာခြံတွေလည်းရှိတာပေါ့နော်၊ သီးပင်၊ စားပင်အကုန်လုံး ရာသီပင်လည်းစိုက်တယ်ပေါ့၊ ဒီကိစ္စကိုတပ်က ဒီဇင်ဘာလကုန် ဖယ်ပေးပါလို့ သူတို့ကပြောတယ်၊ အုပ်ချုပ်ရေးမှူးက စာပို့တယ်၊ ခြံသမားအကုန်လုံးကို ကျနော်တို့ သွားတော့ ဘယ်သူမှလက်မှတ်မထိုးဘူး၊ ကျနော်တို့ကတော့ ဆန္ဒပြတယ်"

အဲ့ဒီခြံမြေဧက ၁၀၀ ကျော်ဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ပိုင် တပ်မြေအဖြစ်သတ်မှတ်ပြီး လက်ရှိ လုပ်ကိုင်နေ သူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လယ်သမား ၅၀ ကျော်က ဝါးနက်ချောင်းကျေးရွာက မြေတွေဟာ သူတို့ပိုင်ဆိုင်တဲ့မြေတွေဖြစ်ကြောင်း ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ တာဝန်ကျခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ တွေကို အဲ့ဒီခြံမြေတွေ ချထားပေးခဲ့တာဖြစ်ကြောင်းနဲ့ တောင်သူတွေကို လာမယ့် ဒီဇင်ဘာလ နောက်ဆုံးထား ပြီး ပြောင်းရွှေ့ပေးဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ