Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ဂျာနယ်ကြီး နှစ်ခုကို အစိုးရက ဥပဒေအရ တုန့်ပြန်မယ်


Weekly Eleven ဂျာနယ်နဲ့ မြန်မာ သံတော်ဆင့် ဂျာနယ်တွေပါ အချက်အလက် စာသားတွေနဲ့ ပတ်သက်လို့ အစိုးရက ဥပဒေကြောင်းအရ တုန့်ပြန် ဖြေရှင်း သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီး ဉီးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

Weekly Eleven ဂျာနယ်ထဲမှာ ပြန်ကြားရေး ဝန်ကြီး ဌာနက ဝယ်တယ် ဆိုတဲ့ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ဖေါ်ပြရာမှာ အချက်အလက်တွေ မှားယွင်းနေပြီး မြန်မာ သံတော်ဆင့် ဂျာနယ် ထဲမှာတော့ သမ္မတ ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ် ပြောဆိုမှုတွေ ထည့်သွင်းဖေါ်ပြထားတာကြောင့် အခုလို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်ရတာလို့ ဦးရဲထွဋ်က ပြောပါတယ်။

အချက်အလက်တွေ မှားယွင်းနေတာကို ပြန်လည် ပြင်ဆင် ဖေါ်ပြပေးဖို့နဲ့ ပုဂ္ဂိုလ်ရေး ပုတ်ခတ် ပြောဆိုမှုတွေကို ပြန်တောင်းပန်ဖို့ ဂျာနယ် နှစ်ခုစလုံးကို စာနယ်ဇင်း ကောင်စီက တဆင့် ၂ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ညှိလို့ မရတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။

ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲမှာလဲ ဆိုတာကိုတော့ ဥပဒေကြောင်းအရ လောလောဆယ် ထုတ်ဖော် မပြောနိုင်သေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးကတော့ Weekly Eleven ဂျာနယ် ထဲမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်တယ်လို့ ပြောပါတယ်။

မြန်မာ သံတော်ဆင့် ဂျာနယ် ဒုတိယ အယ်ဒီတာချုပ် ကိုအောင်ကျော်မင်းကလည်း သူတို့ ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ အင်တာဗြူးဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ အတွက် မဟုတ်ပဲ အတိုက်အခံ ပါတီကြီးတခုက အစိုးရ ခေါင်းဆောင် အကြီးအကဲအပေါ် ဘယ်လောက် ပြင်းပြင်းထန်ထန် သဘောထား သလဲဆိုတာကို ချပြတဲ့ သဘောသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။



စာနယ်ဇင်း ကောင်စီကနေ တဆင့် ညှိပေမယ့် မရတဲ့ အတွက် အဲဒီဂျာနယ် နှစ်စောင်ကို ဥပဒေအရ တုန့်ပြန်ဖို့ လုပ်ရတာလို့ ဦးရဲထွဋ် ပြော

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ