Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

လမ်းဘေးညအိပ်မော်တော်ယာဉ်များမှ စက်သုံးဆီနှင့် အခြားပစ္စည်းများ ခိုးယူသူများကို ဖမ်းဆီး



နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ခရီးတစ်ထောက်နားပြီး ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ စက်တင်ဘာ ၁၅ ရက်ညက စတင်ပြီး ညစဉ် ညတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ နေပြည်တော် ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဇေယျာသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရှိန် နှင့် ရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ကျောက်ချက်ကျေးရွာအုပ်စုနှင့် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်း တစ်လျှောက်တွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းကစတင်ကာ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲတွင် ဇေယျာသီရိအားကစားကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ညအိပ်ရန် ရပ်နားလျက်ရှိသော ၁ဝ ဘီးယာဉ် သုံးစီးကို ဆီဖောက်ခိုးယူရန် ရောက်ရှိနေသည့် ဆိုင်ကယ်သုံးစီးနှင့် လူခုနစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့နယ် ကုလားရွာနေ ကိုဖြိုး(၂၂ နှစ်)နှင့် ဆိုင်ကယ်သုံးစီးကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၁ဝ ဂါလန် ဒီဇယ်တစ်ပုံးနှင့် ၁ဝ ဂါလန် ပလတ်စတစ်ပုံးဖြင့် ဒီဇယ်နှစ်ဂါလန်ခန့်ပါ တစ်ပုံး၊ အရှည်ခုနစ်ပေခန့်ရှိ ပလတ်စတစ်ပိုက်ပျော့တစ်ချောင်းနှင့် အရှည် လက်မ ၂ဝ ခန့်ရှိ သစ်သားဓား အိမ်တစ်ခုတို့ကို သိုဝှက်သိမ်းဆည်းထားသော လမ်းဘေးတစ်နေရာမှ ဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်စဉ် ညစဉ်ညတိုင်း ကိုဖြိုးနှင့်အတူ ကုန်တင်ယာဉ်များမှ ဆီနှင့် အခြားပစ္စည်းများကို ခိုးယူကြသည့် အောင်အောင် ကုလားရွာ လယ်ဝေးမြို့နယ် နေသူအပါအဝင် ၁၃ ဦး၏ အမည်များကို ကိုဖြိုးက ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတွင်းကုန်းမြို့မရဲစခန်းက ဥပဒေအရ ကိုဖြိုးအား ဖမ်းဆီးထားပြီး ကျန်ရှိသောပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ