မလေးရှားနိုင်ငံပိုင် MH 17 ခရီးသည်တင် လေယာဉ်ဟာ ယူကရိန်းနိုင်ငံအပေါ် ပျံသန်းနေတုန်း ပျက်ကျသွားတဲ့အတွက် လေယာဉ်ပေါ် လိုက်ပါသွားသူ လူပေါင်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့ရပါတယ်။
လေယာဉ် ပျက်ကျသွားတဲ့ နေရာဟာ စစ်ဖြစ်တဲ့ ယူကရိန်း အရှေ့ပိုင်း ဒေသမှာ ဖြစ်တဲ့ အတွက် ပစ်ချ ခံရနိုင်တယ်လို့ ယူဆနေကြပါတယ်။
လေယာဉ်ကို ယူကရိန်းသူပုန်တွေ ပစ်ချတယ်လို့ ယူကရိန်းဘက်က စွပ်စွဲထားပေမယ့် သူပုန်တွေကတော့ လေယာဉ်ကို ပစ်ချလောက်တဲ့ လက်နက်မျိုး သူတို့မှာ မရှိဘူးလို့ ဆိုပါတယ်။
MH17 လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ဂျာမန် လူမျိုးတွေရဲ့ ကျန်ရစ်သူ မိသားစုကတော့ ယူကရိန်းနိုင်ငံမှာ စစ်ဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံအပေါ် မပျံသန်းဖို့ သတိပေးနိုင်ပေမယ့် အဲဒီလို လုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် တာဝန်ပေါ့လျော့မှုနဲ့ ယူကရိန်းအစိုးရနဲ့ ယူကရိန်း သမ္မတကို တရားစွဲမယ်လို့ ပြောပါတယ်။
နိုင်ငံတကာ လေယာဉ် ပျံသန်းရေးဥပဒေအရ ယူကရိန်းသမ္မတက စစ်ဖြစ်ပွားရာ ဒေသအပေါ် လေယာဉ် ပျံသန်းခွင့် ပိတ်ပင်ဖို့ သင့်တယ်လို့လည်း တရားစွဲသူတွေကို ကိုယ်စားပြုတဲ့ လေယာဉ်ပျံသန်းမှု ဆိုင်ရာ ပါမောက္ခ Elmar Giemulla က ပြောပါတယ်။
ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ရာလည်း ရောက်တဲ့အတွက် ယူရို တစ်မီလီယံ လျော်ကြေးတောင်းခံမယ်လို့ ပြောဆိုထားပါတယ်။
နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူတို့ဝေဟင်မှာ လုံခြုံရေးရှိအောင် လုပ်ဖို့ တာဝန်ရှိတယ်လို့ ရိုက်တာ သတင်းဌာနကို ပေးပို့တဲ့ အီးမေးလ်ထဲမှာ ရေးသားထားပါတယ်။
အခုလောလောဆယ် မလေးရှား သေဆုံးသူတွေအတွက် လျော်ကြေး ဒေါ်လာ ၅၀၀၀ စီ ပေးထားပေမယ့် အဲဒီလျော်ကြေးကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဝေဟင်ပိုင်နက်ကို ယာယီ ပိတ်ပင်မှု မလုပ်နိုင်ရင်တောင် လုံးဝ ပိတ်ချလိုက်တာမျိုး လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ယူကရိန်းက အဲဒီလို မလုပ်ခဲ့တဲ့အတွက် ယူကရိန်းမှာ တာဝန်ရှိတယ်လို့ ပြောလိုက်တာပါ။
အဲဒီ လေယာဉ် ပျက်ကျမှုအတွင်း ဂျာမနီ နိုင်ငံသား ၄ ဦးသေဆုံးခဲ့ရပါတယ်။
သေဆုံးသူ အများစုကတော့ နယ်သာလန် နိုင်ငံသားဖြစ်ပြီး တစ်ရာကျော် ပါဝင်သလို သြစတြေးလျနိုင်ငံသား အယောက်ပေါင်း ၃၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။
![]() |
| လေယာဉ်ပျက်ကျရာ ယူကရိန်းအရှေ့ပိုင်းကနေ နယ်သာလန် နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အလောင်းတချို့ကို သယ်ဆောင်နေစဉ် |




































No comments:
Post a Comment