Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

ထိုင်းဘတ်ငွေ မီလျံကျော်ပါတဲ့ ပိုက်ဆံအိတ်ကို မြန်မာစားပွဲထိုးက ပိုင်ရှင်ဆီပြန်ပေး

အသက်(၁၉)နှစ်အရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ် စိုင်းယင် (အင်္ကျီအနီ ၀တ်ဆင်ထားသူ)ဟာ ထိုင်းနိုင်ငံ ချင်းမိုင်တောင်ပိုင်း ပဒပ်မြို့နယ်ထဲက Phet Doi Ngam Sawatdee Jao ထိုင်း စားသောက် ဆိုင် မှာ စားပွဲထိုး လုပ်နေပါတယ်။

စက်တင်ဘာ ၂၃ရက် ည ၁၀နာရီလောက်က ဆိုင်မှာလာစားတဲ့ ဇနီးမောင်နှံက သားရေအိတ် အညိုတလုံး စားပွဲမှာ မေ့ကျန်ခဲ့တာကို သူတွေ့လိုက်ပါတယ်။ အိတ်ပိုင်ရှင်တွေက ဆိုင်ကထွက်သွားတာ မမှီတော့တာမို့ စိုင်းယင်က ဆိုင်ရှင်ကိုပဲ အိတ်အပ်ခဲ့ပါတယ်။ အိတ်ပိုင်ရှင်ကို ဆက်သွယ်နိုင်မယ့် အချက်အလက် ရဖို့ ဆိုင်ရှင်က အိတ်ကိုဖွင့်ကြည့်တဲ့အခါမှာ ထိုင်းဘတ်ငွေ တသန်းကျော်လောက်ရှိမယ့် ငွေစက္ကူတွေကို တွေ့ခဲ့ပါတယ်။ အဲဒီ့အချိန်မှာပဲ ဘန်ကောက်က စီးပွားရေးသမားတွေလို့ ဆိုတဲ့ အိတ်ပိုင်ရှင် ဇနီးမောင်နှံက ပျာပျာသလဲနဲ့ ဆိုင်ကို ပြန်ရောက်လာတာမို့ အိတ်ကို ပြန်အပ်နိုင်ခဲ့ပြီး ပြန်စစ်ဆေးရာမှာလည်း အပျောက်အရှမရှိတဲ့အတွက် စိုင်းယင်ကို အိတ်ပိုင်ရှင်တွေက ဘတ်ငွေ တထောင် ဆုချီးမြှင့်ပြီး ပြန်သွားကြပါတယ်။

ရိုးရိုးသားသားနဲ့ အိတ်ပြန်အပ်ခဲ့တဲ့ စိုင်းယင်ကို စံပြလုပ်သားအနေနဲ့ ဆိုင်ပိုင်ရှင်က ချီးကျုးပြောဆိုခဲ့ပါတယ်။ ဒီဆိုင်မှာ အလုပ်လုပ်တာ ၃နှစ်လောက် ရှိနေပြီဖြစ်တဲ့ စိုင်းယင်ဟာ ပိုင်ရှင်မှန်ဆီ အိတ်ပြန်အပ်နိုင်ခဲ့တာကို ၀မ်းသာမိကြောင်း၊ ကိုယ့်ပစ္စည်းမဟုတ်တာကို မလိုချင်သလို အခုလို မှန်မှန်ကန်ကန် လုပ်ခဲ့မိတာကို ဂုဏ်ယူကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ