Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံဖွင့်



နယူးယောက်မြို့မှာ စတင်နေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံက ကြီးထွားလာနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွပြဿနာ၊ အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ စတဲ့ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာပါ။

ဒီညီလာခံကို နိုင်ငံပေါင်း ၁၄၀ ကျော်က နိုင်ငံခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ညီလာခံအဖွင့် မိန့်ခွန်းပြောကြားရာမှာ IS စစ်သွေးကြွတွေလို အဖွဲ့တွေအပေါ် နိုင်ငံတကာ အနေနဲ့ ချက်ချင်း တုန့်ပြန်တာမျိုးလုပ်ဖို့ လိုအပ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက ပြည်သူတွေဟာ ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဘူးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရတဲ့ အကြောင်းလည်း မစ္စတာဘန်က ပြောပါတယ်။

ဒီညီလာခံ အတောအတွင်းမှာပဲ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေရဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ၈ စင်းကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက ဒီကနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်း Central Command လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲရေး အမေရိကန် စစ်ဌာနချုပ်က  ဒီကနေ့မှာ ပြောပါတယ်။ ဒီယာဉ်တွေဟာ အီရတ်နိုင်ငံထဲကို ပစ္စည်းတွေ ရွှေ့ပြောင်းနေတဲ့ ယာဉ်တွေဖြစ်ကြောင်း ပင်တဂွန်ကပြောပါတယ်။ ပင်တဂွန်ပြောခွင့်ရ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး John Kirby က အီရတ်မြို့တော် ဘဂ္ဂဒက်နဲ့ ကာ့ဒစ်ရှ်မြို့ Ilbil မြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ စတင်တဲ့ ပထမနေ့မှာပဲ IS နဲ့ အယ်လ်ခိုင်းဒါး စစ်သွေးကြွအဖွဲ့ဝင် ၁၂၀ လောက် သေဆုံးခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ