Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

သေမင်းကွန်ယက်အဖွဲ့ကို ဆက်တိုက်မယ်လို့ အိုဘားမားဆို

ကုလသမဂ္ဂ ​လုံခြုံရေး ​ကောင်စီ ​အစည်းအဝေးအတွင်း ​အမေရိကန် ​သမ္မတက ​IS ​အဖွဲ့ကို ​သေမင်း ကွန်ယက်အဖွဲ့လို့ ​ခေါ်ဆိုလိုက်ပြီး ​အဲဒီအဖွဲ့ကို ​တိုက်ခိုက် ချေမှုန်းရာမှာ ​ပါဝင်ကြဖို့ ​ကမ္ဘာ့ထိပ်သီး ​ခေါင်းဆောင်တွေကို ​ထပ်မံ ​တိုက်တွန်း လိုက်ပါတယ်။

အီရတ်နိုင်ငံနဲ့ ​ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းသူတွေ ​စစ်မြေပြင်ကနေ ​ထွက်ခွာလို့ရတုန်း ​ထွက်ခွာကြဖို့လည်း ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​ဒီနှစ်မှာ ​ဖြစ်ခဲ့တဲ့ ​အဖြစ်အပျက်တွေကို ​ကြည့်ခြင်းအားဖြင့် ​ဥပဒေစိုးမိုးရေးက ​တိုက်ခိုက်ခံနေရသလို ​ဖြစ်နေတဲ့အတွက် ​ကုလသမဂ္ဂအဖွဲ့ရဲ့ ​မူအတွက် ​ဆိုး ​ဝါး ​တဲ့ ​နှစ် ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ဂါဇာဒေသက ​အစ္စရေးနဲ့ ​ပါလစ္စတိုင်းအကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခ၊ ​တောင်ဆူဒန်၊ ​မာလီ၊ ​ဆိုမားလီးယား၊ ​နိုင်ဂျီးရီးယားနိုင်ငံက ​ပြဿနာတွေနဲ့ ​သတ်ဖြတ်မှုတွေ ​ဖြစ်နေတဲ့ ​အီရတ်နဲ့ ​ဆီးရီးယား ​ပြဿနာတွေကို ​ကြည့်ြ့ပီး ​တရားဥပဒေ ​စိုးမိုးရေး ​တိုက်ခိုက်ခံနေရပြီလို့ ​ဘန်ကီမွန်းက ​ပြောသွားခဲ့တာပါ။

အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံမှာဆိုရင် ​လူမဆန်တဲ့ ​ကြမ်းကြုတ်ရက်စက်မှုတွေကို ​တစ်နေ့ပြီး ​တစ်နေ့ ​တွေ့နေရပြီး ​ဒေသတွင်း ​တစ်ခုလုံးကိုပါ ​ထိခိုက်နစ်နာနေရတယ်လို့ ​ဘန်ကီမွန်းက ​ပြောပါတယ်။

ဆီးရီးယားအရေးနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂလုံခြုံရေး ​ကောင်စီအတွင်း ​သဘောထားကွဲလွဲမှုတွေက ​ပြည်သူတွေကို ​ပိုမိုထိခိုက်နစ်နာစေပြီး ​လုံခြုံရေးကောင်စီရဲ့ ​ဂုဏ်သိက္ခာကိုလည်း ​ညိုးနွမ်းစေတယ်လို့ ​ဘန်ကီမွန်းက ​လုံခြုံရေးအစည်းအဝေးအတွင်း ​ပြောကြားတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Michael ​Vincent ​က ​နယူးယောက်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

အဲဒီ ​လုံခြုံရေးအစည်းအဝေးအတွင်း ​အကြမ်းဖက် ​အဖွဲ့တွေ ​ဝင်ငွေ ​မရရှိအောင် ​ဘယ်လို ​လုပ်ဆောင်မယ့်အကြောင်းတွေနဲ့ ​ပြဿနာ ​ဖြစ်နေတဲ့ ​အရှေ့အလယ်ပိုင်းဒေသကို ​သွားပြီး ​အကြမ်းဖက်သမားတွေနဲ့ ​ပူးပေါင်းမှုတွေ ​နည်းပါးအောင် ​ဘယ်လို ​လုပ်ဆောင်ကြမလဲ ​ဆိုတဲ့အကြောင်းတွေကို ​ဆွေးနွေးခဲ့ကြပြီး ​အားလုံးက ​သဘောတူညီခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံနဲ့ ​နယ်သာလန်ကတော့ ​IS ​စစ်သွေးကြွ ​နှိမ်နင်းရေးမှာ ​သူတို့နိုင်ငံက ​စစ်လေယာဉ်တွေ ​စေလွတ်ဖို့ ​ဆန္ဒ ​ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

သြစတြေးလျက ​ဒီနှစ်အတွက် ​ကုလသမဂ္ဂ ​လုံခြုံရေး ​ကောင်စီ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်နေတဲ့အတွက် ​သြစတြေးလျ ​ဝန်ကြီးချုပ်ကလည်း ​အစည်းအဝေး ​ဦးဆောင် ​တက်ရောက်နေပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ​နိုင်ငံပေါင်း ​၈၀ ​နိုင်ငံထဲမှာ ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတိုက်ခိုက်မှု ​လုပ်နေတဲ့ ​နိုင်ငံသားတွေ ​ရှိတဲ့အတွက် ​အဲဒီလုပ်ရပ်တွေကို ​ရပ်တန့်အောင် ​လုပ်ဆောင်ဖို့လိုကြောင်း ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောသွားခဲ့ပါတယ်။

ဗြိတိန်ကလည်း ​အထူးအစည်းအဝေးကျင်းပမယ်

တချိန်တည်းမှာပဲ ​IS ​စစ်သွေးကြွအဖွဲ့ ​နှိမ်နင်းရေးမှာ ​ဘယ်လို ​အခန်းကဏ္ဍမှာ ​ဝင်ပါသင့်သလဲ ​ဆိုတဲ့ ​ကိစ္စကို ​ဆွေးနွေးဖို့ ​ဗြိတိန်နိုင်ငံမှာ ​အရေးပေါ်အထူး ​အစည်းအဝေးတစ်ရပ် ​ကျင်းပမှာ ​ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ​အီရတ်နိုင်ငံက ​IS ​တပ်ဖွဲ့တွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်ဖို့ကိုသာ ​ဦးစားပေးမှာ ​ဖြစ်ပြီး ​ဆီးရီးယားနိုင်ငံက ​IS ​အဖွဲ့ကို ​တိုက်ခိုက်မှုမှာတော့ ​ပါဝင်ဖို့ ​မရှိဘူးလို့ ​ဗြိတိန်ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်းက ​ပြောသွားခဲ့ပါတယ်။

အခုလောလောဆယ် ​ဗြိတိန်က ​အီရတ်နိုင်ငံက ​Kurdish ​တပ်ဖွဲ့တွေကို ​စစ်လက်နက် ​ထောက်ပံ့မှုတွေ ​လုပ်ထားပါတယ်။


အမေရိကန် သမ္မတ ဘာရက်အိုဘားမား

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ