Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ငါးခြောက်များတွင် ခွဲစိတ်ခန်းအသုံးပြုဆေးကို ယင်မနားစေရန် ထည့်သွင်း၍ ရောင်းနေ


ဈေးကွက်အတွင်း ရောင်းချနေသော ငါးခြောက်များတွင် စားသုံးသူအား အန်္တရာယ်ဖြစ်နိုင်သည့် ခွဲစိတ်ခန်းအသုံးပြု ဆေး Trichlorofon ကိုယင်မနားစေရန် ထည့်သွင်း အသုံးပြုမှု ရှိနေကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါဌာနအနေဖြင့် ဈေးကွက် အတွင်း ရောင်းချသော ငါးရံ့ခြောက် နမူ နာအား ၀ယ်ယူ၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေး မှု ပြုလုပ်ခဲ့ရာ အဆိုပါ ယင်မနားဆေး ပါဝင်မှုရှိနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
““သတင်းရထားချက်အရ စစ်ဆေး စမ်းသပ်ခဲ့ရာမှာ အဲဒီဆေးတကယ်ထည့် သွင်းအသုံးပြုမှုရှိနေတယ်ဆိုတာ အတည် ပြုနိုင်ခဲ့ပါတယ်။ ပြည်သူတွေ အနေနဲ့ သတိရှိစွာ ရှောင်ရှားနိုင်ဖို့နဲ့ ရောင်းချသူ တွေ အသိပညာပေးမှုတွေ အရှိန်ဟုန်မြင့် ဆက်လက်လုပ်သွားရပါမယ်””ဟု ရန်ကုန် တိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဌာန ညွှန်ကြားရေး မှူး ဦးဝင်းတင့်က ပြောသည်။

ပြီးခဲ့သည့် (၃)နှစ်ခန့်ကပင် ငါးခြောက်များ၌ ယင်ကောင်မနားနိုင်သည့် ဆေးအသုံးပြုနေမှု ခေတ်စားနေခဲ့ခြင်းဖြစ် ပြီး အိမ်ရှင်မ အများစုမှာ ယင်းကိုသိရှိ၍ ရှောင်ကွင်းဝယ်ယူမှုများ ရှိခဲ့သည်။
အဆိုပါဓာတ်ခွဲခန်း စမ်းသပ်မှုကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံ ကာကွယ်ရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး ခဲ့ခြင်းဖြစ်ကာ ယင်မနားဆေး(ွှTrichlorofon) ပါဝင်မှု သုည ဒသမ ၅၇ PPM တွ့ရှိခဲ့ကြောင်း နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ရေးကော်မတီမှ Trichlorofon အတွက် အမြင့်ဆုံး ဓာတ်ကြွင်းပါဝင်မှု သတ်မှတ်ချက်Maximum Residue Limits (MRLS) မှာ ဟင်းသီးဟင်းရွက် နှင့် သစ်သီးးဝလံများတွင် သုည ဒသမ ၅ ppm အသားငါးများတွင် သုည ဒသမ ၁ ppmဖစ်သဖြင့် လက်ခံနိုင်သည့် ပမာဏထက် ငါးဆများနေကြောင်း ဓာတ်ခွဲ စစ်ဆေးမှုရလဒ်များအရ သိရသည်။

Trichlorofon ဆေး အကျိုး အာနိသင်က အာရုံကြောထိခိုက်တာမျိုး၊ အယ်ဇိုင်းမား၊ လေဖြတ်လေငန်းဖြစ်တာ မျိုး၊ ကိုယ်ဝန်ဆောင်မိခင်ဆို ကိုယ်ဝန်ပျက် ကျတာ၊ ကလေးမရနိုင်တာမျိုးတွေ ဖြစ် တတ်တဲ့ အပြင်ရေရှည်စားမိရင် ကင်ဆာ လိုနောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင် တယ်””ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက်္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောသည်။

ယင်မနားဆေးထည့်သွင်းသုံးစွဲမှုကို ငါးရံ့ခြောက်တွင် ပထမဆုံး စစ်ဆေးတွေ့ ရှိသော်လည်း အခြား ငါးခြောက်များ တွင်လည်း ထည့်သွင်းအသုံးပြု၍ အကောင်ကြီး ငါးခြောက်များတွင် ပိုမို ထည့်သွင်းလျက်ရှိကြောင်း သိရသည်။
““ဒီသတင်းက ကျွန်တော်တို့ ရထား တာ ကြာပြီ။ ဒါပေမဲ့ ဓာတ်ခွဲစမ်းသပ်ဖို့ အခက်အခဲရှိတာကြောင့် အဖြေမထုတ် နိုင်ခဲ့ဘူး။ မန်္တလေးက သတင်းပေးသူ တယောက်က အဲဒီဆေးကို ဘုရင့်နောင် ငါးပိငါးခြောက်ပွဲရုံက လစဉ် ဘူး၊ ဖာပေါင်း ရာနဲ့ချီ မှာတာရှိတယ်လို့ ပြောတယ်””ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာ ဦးစီးဌာနအနေဖြင့်လည်း ဆက် လက်၍ ဈေးကွက်အတွင်း သတင်းရရှိ သော စားသောက်ကုန်များကို နမူနာရှောင် တခင်ဝယ်ယူ၍ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ် မှုများ ပြုလုပ်သွားမည်ဟု သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ