Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ကမ္ဘာ့အကြီးဆုံး စာရင်းဝင် မြန်မာတို့၏ ရှေးဟောင်းအမွေအနှစ် မင်းကွန်းပုထိုးတော်ကြီး

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း တောင်ရိုးသည် ရှေးဟောင်း အမွေအနှစ် သာသနိက ဘုရား၊ စေတီ၊ ပုထိုးများ နှင့်အတူ သာသနာ စည်ပင်ရာ အရပ်ဒေသ အဖြစ် ဂုဏ်သတင်း ကျော်နေသည်။ ရာသီ အချိန်အခါ မရွေး ခရီးလမ်းသင့် သွားလာရန် လွယ်ကူသော ကြောင့် ပြည်တွင်း ဘုရားဖူးများ သာမက နိုင်ငံရပ်ခြား လေ့လာရန် လာရောက် ကြသူ များဖြင့် စည်ကား နေပါသည်။

မင်းကွန်းမြေ၏ များလှစွာသော သာသနာ့ အမွေခံ ဘုရားစေတီ များတွင် ကမ္ဘာသိ၊ ကမ္ဘာကျော် မင်းကွန်း ပုထိုးတော်ကြီး သည် ကမ္ဘာ့ အကြီးဆုံး စာရင်းဝင် ပုထိုးစေတီ အဖြစ် နာမည်ရှိသည့် ပုထိုးတော်ကြီး ဖြစ်သည်။

ပုထိုးတော်ကြီး ၏ ကောင်းမှု ဒါယကာ အလှူရှင်မှာ ''ဘိုးတော်ဘုရား'' ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော် သက္ကရာဇ် ၁၁၅၂ ခုနှစ် တပို့တွဲ လဆန်း ၅ ရက် ကြာသပတေးနေ့ တွင် စတင် အုတ်မြစ်ချခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး၊ အကျယ်ဆုံး စေတီကြီး အဖြစ် ဉာဏ်တော် အမြင့်ပေ ၅ဝဝ အထိ တည်ရန် မင်းကြီးက ရည်ရွယ် ခဲ့၏။

မပြီးဆုံးခဲ့သော ပုထိုးတော်ကြီး သည် ထိုအချိန်က စတုရန်း ပေပေါင်း ၄၅ဝ၊ အမြင့် ၁၆၂ ပေအထိ ရှိခဲ့၏။ အတွင်းဘက် ဌာပနာအဖြစ် မင်းကြီးက ဌာပနာတိုက်များ အတွက် ဘုရား၊ ရဟန္တာ များ၏ ဓာတ်တော်၊ မွေတော်များ၊ နှစ်ကျိပ်ရှစ်ဆူ သော ဘုရားရှင် များ၏ ကိုယ်ပွား ရုပ်တုများ အပါအဝင် ဗုဒ္ဓဝင် ရွှေစင် ရုပ်တုများ၊ ငွေစင် ရုပ်တုများ၊ မိမိ၏ ကုန်းဘောင် မင်းဆက်များ၊ ဘုရင်များ၊ ဆွေတော်၊ မျိုးတော်များ၏ ရွှေစင် ရုပ်တုများဖြင့် ဌာပနာတိုက် ၂၁ တိုက်ကို ထည့်သွင်း ထားခဲ့၏။

သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်နှင့် ခရစ်နှစ် ၁၈၃၈ ခုနှစ်တွင် လှုပ်ခဲ့သော မြေငလျင် ဒဏ်များကြောင့် လေးဖက် လေးတန် အုတ်များ ပြိုကျခဲ့၏။ ကွဲအက်ခဲ့သော အက်ကြောင်းများ၊ ပဲ့ထွက်ခဲ့သော အုတ်စများနှင့် အတူ မူလပုံဟန် ပျက်ခဲ့ရသည်။ ပဲ့ထွက် လွင့်စဉ်ခဲ့သော အုတ်သားများမှာ တစည်းတလုံးတည်း ရှိနေသည်ကို တွေ့မြင် ရခြင်းဖြင့် ရှေးခေတ် အင်္ဂတေ ဖော်စပ်နည်းကို ချီးကျူး ရမည် ဖြစ်သည်။

ဤ စေတီကြီးသည် ၁၉ ရာစုနှစ် ၏ ဂုဏ်ပြုခံ မြန်မာဘုရင် တစ်ပါး၏ ကောင်းမှု အဖြစ် စံပြုရမည် ဖြစ်သလို ကမ္ဘာပေါ်၌လည်း ထုထည်ပုံဟန် ကြီးမားပြီး ဉာဏ်တော် မြင့်သော စေတီကြီးအဖြစ် ကမ္ဘာ့ အကြီးဆုံး စာရင်းဝင် ဖြစ်ကာ မြန်မာနိုင်ငံ၏ သာသနိက အမွေသည် စံပြ ဖြစ်ခဲ့သည်။

ယခုအခါ ပုထိုးတော်ကြီး သည် သက်တမ်းအရ နှစ်ပေါင်း ၂ဝဝ ကျော် ခဲ့ခြင်းနှင့် သဘာဝ ဘေးဒဏ် အခါခါသင့်ခြင်း များကြောင့် အိုမင်း ဟောင်းနွမ်းလျက်ရှိရာမှ ပြိုပျက်ခြင်းထက် မကသော ပြိုအက် ကြေမွသော အခြေအနေ များကြောင့် ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက် လေ့လာနိုင်သော အခွင့်အရေး များကိုလည်း ပိတ်ထား ခဲ့ရပြီဖြစ်၏။

မင်းကွန်းမြေ၏ ဂုဏ်ကျက် သရေဆောင် ပုထိုးတော်ကြီး နှင့်အတူ မရှေးမနှောင်း တည်ခဲ့သော ခြင်္သေ့ကြီး နှစ်ကောင်မှာလည်း ပုထိုးတော်ကြီး ကဲ့သို့ပင် ပြိုပျက်ခဲ့သည်။ မြင်ကွင်း အခြေအနေ အရ ခြင်္သေ့ကြီး များသည် အုတ်ပုံကြီးပမာ ကျောက်တုံးကြီး ပမာသာ ဖြစ်နေသည်။

ဤမြင်ကွင်း များသည် တစ်ချိန် တစ်ခါက ဂုဏ်တက်စရာ ဖြစ်ရန် အစပြု ခဲ့သော်လည်း ယခုအခါတွင် ပြိုပျက်ကာ ပျောက်ကွယ် တော့မည် ဖြစ်သည်။ သက်ဆိုင်ရာ နယ်မြေခံ ရဟန်းရှင်လူ အများစုက မင်းကွန်းမြေ၏ ရှေးဟောင်း အမွေအနှစ် များကို ''လေးဌာန'' ပြုပြင်ရေး အဖြစ် ထိန်းသိမ်း စောင့်ရှောက် နေပါသော်လည်း ထိုထက်မက ထိန်းသိမ်း စောင့်ရှောက် ပြုပြင်မွမ်းမံ ပေးမည်ဆိုပါက မင်းကွန်း ပုထိုးတော်ကြီး ကြောင့် မြန်မာတို့ ကမ္ဘာ့အလယ်တွင် ပိုမို မျက်နှာပန်း လှမည် ဖြစ်ပါကြောင်း။ ။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ