Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

စောငမန်းကို ထိုးသတ်အနိုင်ယူ၍ နံပါတ်တစ် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ် ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း


မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး HS မှ စီစဉ်သည့် မြန်မာပြည် လက်ဝှေ့ချန်ပီယံ လုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ နံပါတ်တစ်ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မြန်မာပြည်နံပါတ်တစ်လက်ဝှေ့ ချန်ပီယံလုပွဲတွင် ဒဂုံရွှေအောင်လံ သုံးထပ်ကွမ်းနှင့် လက်ရှိမြန်မာပြည် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ဆိုင် ထားပြီး မအိုသေးကြောင်းပြချင်သည့် သမ္ဘာရင့်စောငမန်း (ရွှေဖူး) နှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ရွှေဆုနှင့် ဒဂုံရွှေအောင်လံဆုရှင်ဖြစ်ပြီး ငယ်ရွယ်ဖျတ်လတ်သူ ချန်ပီယံဆုကို အရလိုချင်သူ ထွန်းထွန်းမင်း (မုဒုံသား)တို့ပွဲဖြစ်၍ ထိုင်ခုံလွတ်မရှိအောင် ပွဲကြည့်သူလက်ဝှေ့ဝါသနာရှင် ပရိသတ် က ပြည့်နေသည်။

သူတို့နှစ်ဦး ယခုတစ်ကြိမ်တွေ့ဆုံ သည့် ငါးချီအထူးစိန်ခေါ်ပွဲ ပထမအချီ စစချင်းပင် ထွန်းထွန်းမင်း(မုဒုံသား)၏ခေါင်းနှင့် ဒူးတိုက်ချက်တို့ကြောင့် စောငမန်းလဲကျပြီး အနားတောင်းရ သည်။ တတိယအချီတွင် စောငမန်း ထိုးပြီးခွာသည့်နည်းဖြင့် တိုက်ခိုက် သည်။ ခံစစ်ဖြင့် အနည်းဆုံးသရေရလဒ် ယူ၍ ချန်ပီယံသရဖူကာကွယ်နိုင်ရေးထိန်းပြီးကစားသည်။ ကိုင်ပေါက် သည်။ သို့သော် ငယ်ရွယ်ဖျတ်လတ်သူ ထွန်းထွန်းမင်း၏ အတင်းဝင် အတင်းထွက် ဘက်စုံသုံးဖွင့်ထိုး၊ ရင်ဆိုင်ထိုးသတ်ချက်များကို ကြာရှည် တောင့်မခံနိုင်တော့ဘဲ စတုတ္ထအချီ မှာပင် စောငမန်းဆက်လက်မယှဉ်ပြိုင် နိုင်တော့သဖြင့် ထွန်းထွန်းမင်း(မုဒုံ သား)နံပါတ်တစ် မြန်မာပြည်လက်ဝှေ့ ချန်ပီယံဘွဲ့ကို ဆွတ်ခူးပြီး ရွှေခါးပတ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့သည်။

ဆက်လက်ယှဉ်ပြိုင်ထိုးသတ်သည့် စိန်ခေါ်ပွဲများတွင် တက်သစ်စ လူငယ် လက်ဝှေ့သမားများ ဖြစ်ကြသည့် မင်းနိုင်ထွန်း(စွမ်းကေကေ)နှင့် ခွန်ရှိုင်း ထက်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် ပူးတွဲသရေကျခဲ့ပြီး စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် ရဲသွေးနီ (တောင်ကလေး)တို့ပွဲတွင် ရဲသွေးနီက ဒုတိယအချီနှစ်မိနစ် လေးစက္ကန့်တွင် စောဖြိုးဝေကို အလဲထိုးအနိုင်ရရှိခဲ့ သည်။ ထွန်းနိုင်ဦး(အဖြူရောင်သွေး သစ်)နှင့်မြင့်အောင်(မုဒုံသား)တို့ပွဲတွင် စတုတ္ထအချီ၌ ထွန်းနိုင်ဦးအလဲထိုး အနိုင်ရရှိခဲ့ပြီး ဖြူလေး(မုဒုံသား)နှင့် ရှမ်းလေး(ဝါဆို)တို့ပွဲတွင် ဒုတိယအချီ မှာပင် ရှမ်းလေးဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ ခဲ့သည်။

ထို့နောက် စောသဲဦး(T&T) နှင့် မိုးဟိန်း(မိဂသီ)တို့ပွဲတွင် မိုးဟိန်းအလဲ ထိုးအနိုင်ရခဲ့သလို ဆောအယ်လေး (ထော့မဲပါ)နှင့် သားအသဲတစ်ပွင့် (စွမ်းကေကေ/မန္တလေး)တို့ပွဲတွင် စောအယ်လေးက ဒုတိယအချီမှာပင် သားအသဲတစ်ပွင့်ကို အလဲထိုးအနိုင် ရရှိခဲ့သည်။ ထက်အောင်ဦး(တောင် ကလေး)နှင့် ကျားပေါက်(ရွှေသောင်း ရင်း/မြဝတီ)တို့ပွဲတွင် ပထမအချီမှာပင် နှစ်ဦးစလုံးသွေးဖြာကျ၍ ရေကုန် ရေခမ်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း စတုတ္ထအချီတွင် ထက်အောင်ဦးက အလဲထိုးအနိုင်ရရှိသွားသည်။ ဖိုးကေ (မန္တလေး)နှင့် စောရန်ပိုင်(မိဂသီ/ ဘားအံ)တို့ပွဲတွင် ပွဲချီပြည့်ယှဉ်ပြိုင်ထိုး သတ်ခဲ့သော်လည်း ပူးတွဲသရေဖြင့် အဆုံးသတ်ခဲ့သည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ