Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

မိန်းကလေးတွေရဲ့စိတ်



၁) ယောကျာ်းတွေကို မုန်းတယ်လို့ ခဏခဏ ထုတ်ဖော်ပြောတတ်တဲ့ ကောင်မလေးမှာ အရမ်းချစ်ခဲ့ရတဲ့ ယောကျာ်းတယောက် ရှိခဲ့ဖူးတယ် …

၂) ချစ်တဲ့သူကို လွန်လွန်ကဲကဲ မျက်စိအောက်က အပျောက်မခံတွယ်တာတတ် စကားတခွန်းလေးတောင် အမှားမခံ ဝမ်းနည်းကြေကွဲတတ်တဲ့ မိန်းကလေးတွေဟာ ကလေးဆန်တာလို့ ထင်ရကောင်း ထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေ မပြည့်စုံမှုတွေ ရှိခဲ့ဖူးတတ်တယ် … ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို လိုတာထက်ပိုပြီး ဆုံးရှုံးရမှာ ကြောက်နေတတ်တာပါ …

၃) သင်ထင်မှတ် မထားလောက်အောင်အထိ မိန်းကလေးတွေက ထိရှလွယ်တယ် …
သင့်ရဲ့ ဘာမဟုတ်တဲ့ စကားလုံး ဒါမှမဟုတ် အပြုအမူလေးတခုကြောင့် အရမ်းပျော်နေတတ်သလို အရမ်းလည်း ကြေကွဲနေတတ်တယ် … ဘာမဟုတ်တာလေးကို အဲ့လောက်ထိခံစားမနေပါနဲ့ကွာလို့ သဘောပါတဲ့ စကားလုံး / အပြုအမူနဲ့ မတုံ့ပြန်ပါနဲ့ … သူသင့်အချစ်ကို မယုံမကြည် ဖြစ်တတ်တယ် … ပိုဝမ်းနည်းသွားတတ်တယ် …

၎) တခါတလေ သင့်ကောင်မလေးက မျက်နှာလည်းမကောင်း စကားလည်းမပြောဘဲ မျက်ရည်ကျနေတဲ့အချိန် ဘာတွေခံစားနေရလည်း ကို့ကိုပြောလေ လို့ မေးကြည့်မိလိမ့်မယ် … သူ့ဘက်က ဘာမှမဖြစ်ပါဘူး လို့ပြောပြီး သူတယောက်တည်း ဆက်ခံစားနေတဲ့အခါ ငါကမင်းချစ်သူပဲ ဘာဖြစ်လို့တယောက်တည်း ကျိတ်ခံစားနေရမှာလဲ ငါ့ကိုပြောဆိုပြီး သွားမပေါက်ကွဲလိုက်နဲ့ဦး … အခြေအနေ ပိုဆိုးသွားမယ် … ဘာမှဆက်မပြောဘဲ သူ့ကို ဖေးဖေးမမ ထွေးပွေ့ထားလိုက်ပါ … Ok သွားပါလိမ့်မယ် …

၅) Facebook ပေါ် သူတင်ထားတဲ့
post တွေ photo တွေမှာ သူသင့်ကို ပြောပြချင်တဲ့ ခံစားချက်တွေ ရှိနေတတ်တယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦး …

၆) သင့်ဂရုစိုက်မှုကို ရဖို့အတွက် သင့်ချစ်သူကောင်မလေးက နည်းလမ်းမျိုးစုံ သုံးတတ်တယ် (များလွန်းလို့ ရေးမပြတော့ဘူး) … တချို့မိန်းကလေးတွေက ပညာသားပါပါသုံးတတ်သလို … တချို့မိန်းကလေးတွေက မိုက်ရူးရဲဆန်တတ်ကြတယ် …
(ကိုယ့်ကိုယ်ကို အနစ်နာခံ
အထိခိုက်ခံပြီး လုပ်တာမျိုးတွေပေါ့)
ပထမနည်းကသာ အကောင်းဆုံး ဖြစ်ပါတယ်

၇) တချို့မိန်းကလေးတွေက
အချစ်စမ်းတတ်တယ် … သူ့သူငယ်ချင်းကို အကူအညီတောင်းပြီး သင့်အချစ်ကို စမ်းတတ်တာမျိုးပေါ့ … ငါ့အချစ်ကို မယုံတာလား ဘာညာဘာညာ မဖြစ်နဲ့
တသက်လုံးပေါင်းရမယ့် ယောကျာ်းအပေါ် ယုံကြည်သင့် မယုံကြည်သင့် ဒီလောက်တော့ သူစမ်းသင့်တယ် မဟုတ်လား …

၈) မိန်းကလေးတယောက် ပျော်ရွှင်ဖို့ လက်ဆောင်လေးတွေလည်း လိုအပ်ပါတယ် … သင့်ဘက်က မတတ်နိုင်တာမျိုးတွေကို သူ့ဘက်ကတောင်းဆိုမှာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ဒါငါ့ကောင်လေးပေးတာလေဆိုပြီး ကြွားချင်တတ်လေတော့ နည်းနည်းတော့ ပိုက်ပိုက်အကုန်ခံရမှာ ဖြစ်ပါတယ် …

၉) သင့်ကိုခေါက်ပြီး နောက်တယောက် တွဲသွားတယ်ဆိုတာ သင်ကောင်းပေမယ့် သူသစ္စာမရှိတာဖြစ်နိုင်သလို … သင့်ရဲ့ ဥပေက္ခာပြုမှုတွေ အပေါ် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ် … သင်ကောင်းရဲ့သားနဲ့ သူနောက်တယောက်တွဲတာအတွက် ကြေကွဲနေဖို့ မလိုသလို သင်မကောင်းလို့ နောက်တယောက်ရှာတဲ့ သူကိုလည်း သစ္စာမရှိတဲ့မိန်းမလို့ ခေါင်းစဉ်တတ်နေစရာမလိုပါဘူး … ကိုယ့်အပေါ် မကောင်းတဲ့လူတယောက်အပေါ် ဘယ်သူမှ ရှေည် သည်းခံ မပေါင်းနိုင်ဘူးလေ …

၁၀) သင့်ဘက်က မချစ်နိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း မျှော်လင့်ချက်သွားမပေးသင့်သလို
သင့်ဘက်က မမုန်းနိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း
လမ်းခွဲစကား သွားမပြောပါနဲ့ …

သင် ထင်မှတ်မထားလောက်အထိ မိန်းကလေးတွေရဲ့နှလုံးသားက ထိရှလွယ်ပါတယ် ..

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ