Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးဆီကို မပို့သင့်တဲ့ sms များ




  

ရည်းစားမဖြစ်သေးပေမယ့် ကောင်လေးကလည်း ကိုယ့်ကိုစိတ်ဝင်စားနေပြီ၊ ကိုယ်ကလည်း သူ့ကို စိတ်ဝင်စားနေပြီဆိုပါစို့။ အဲ့ဒီလိုအချိန်တွေမှာ ကိုယ်သတိထားပြီး ပြုမူရမယ့်အပိုင်းတွေ ရှိနေပါတယ်။ အထူးသဖြင့် သူနဲ့ကိုယ် နေ့တိုင်းပို့နေတဲ့ sms တွေပဲပေါ့။ ဒီအရာတွေကြောင့် သူကိုယ့်ကို အထင်သေးသွားတာမျိုး၊ အာရုံနောက်ပြီး နောက်ဆုတ်သွားတာမျိုးတွေ ရှိနိုင်တာကြောင့် ဘယ်လို sms မျိုးတွေက ကောင်လေးတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတတ်သလဲဆိုတာ ကြည့်ရအောင်။

၁။တရားဝင်ရည်းစား မဖြစ်သေးပဲ ကြောင်နာမည်တွေ၊ ခွေးနာမည်တွေ ချစ်စနိုးပေးခြင်းမျိုးတွေ မလုပ်ပါနဲ့။

သူနဲ့ကိုယ်နဲ့က အီနေတဲ့အဆင့်ပဲရှိနေသေးတာကို ကိုယ့်ဘက်က အဆင့်တက်ပြီး ကိုယ့်အိမ်က ကိုယ်သိပ်ချစ်ရတဲ့ ခွေး၊ ကြောင်နာမည်တွေ၊ ဒီ့ထက်ဆိုးတာက sweetheart တို့ boo တို့ ခေါ်တာမျိုးတွေ မလုပ်မိပါစေနဲ့။ ကိုယ်လည်း သိက္ခာကျ၊ သူလည်း ဘာလဲဟ ဆိုပြီး အာရုံနောက်တတ်တာမို့လို့ပါ။

၂။ချီးမွမ်းတဲ့အခါ သူပြောသမျှ၊ လုပ်သမျှတိုင်းကို ချီးမွမ်းခြင်း မလုပ်ပါနဲ့။

တစ်ခါတစ်လေ ကိုယ်က သူ့ကို ချီးမွမ်းချင်တာများပြီး ကိုယ်ပြောတာ နားထောင်နေရင်လည်း ချီးမွမ်းလိုက်တာပဲ၊ ကိုယ်ပြောတာ ပြန်ပြောရင်လည်း ချီးမွမ်းလိုက်တာပဲ၊ သူဘာလုပ်လုပ် အသားကုန်ချီးမွမ်းနေတာမျိုး မလုပ်ပါနဲ့။

၃။ကိုယ်သောက်စားထားတဲ့အချိန် sms မပို့ပါနဲ့။

တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့အပြင်မှာ သောက်စားပြီး ကောင်းနေတဲ့အချိန်မှာ ဖုန်းထုတ်ပြီး မတ်ဆေ့ခ်ျပို့ဖို့ မစဉ်းစားပါနဲ့။ ဒီလိုပို့တဲ့အခါတွေမှာ မှားယွင်းပြီး ပို့တတ်တာမျိုးတွေ ရှိသလို ပြောသင့်တဲ့ စကားတွေထက် မပြောသင့်တာတွေကိုသာ sms ပို့တတ်ကြတာ များပါတယ်။ ဥပမာ သူနဲ့ကိုယ်နဲ့က ရည်းစားတောင် မဖြစ်သေးပဲ၊ သူကလည်း ကိုယ့်ကိုဖွင့်တောင် မပြောရသေးပဲ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ဆိုပြီး မေးတာမျိုး၊ အိမ်ထောင်ပြုပြီးရင် ဘယ်မှာနေကြမလဲ၊ ကလေးဘယ်နှစ်ယောက်ယူမလဲ စတာတွေ ပို့မိလို့ကတော့ နှစ်ယောက်သား ဆက်ဆံရေးက ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူး။ ဟိုဘက်ကလည်း ကိုယ့်ကို အထင်သေးသွားနိုင်တယ်လေ။

၎။ခန့်မှန်းခိုင်းတာမျိုးတွေ မလုပ်ပါနဲ့။

တစ်ခါတစ်လေမဟုတ်ဘဲ အမြဲတမ်းနီးပါး ခန့်မှန်းခိုင်းတာမျိုးတွေ သွားမလုပ်ပါနဲ့။ ကိုယ့်အိမ်က ကြောင်လေးရဲ့ပုံစံ၊ ကိုယ်ဘာရောင်ခုဝတ်ထားတယ်၊ ဘာအင်္ကျံဝတ်ထားတယ်ဆိုတာမျိုးတွေ သူ့ကိုခန့်မှန်းခိုင်းတာမျိုးဟာ မဖြစ်သင့်သလို သူ့ကိုလည်း စိတ်ကျဉ်းကြပ်စေပါလိမ့်မယ်။

၅။ကိုယ်ပို့လိုက်တဲ့ sms ကို သူချက်ချင်းမပြန်တဲ့အခါ ကိုယ့်ဘက်က အများကြီး ဆက်မပို့ပါနဲ့။

ကိုယ်က သူ့ဆီ sms ပို့တဲ့အခါ သူ့ဘက်က ချင်းချင်း မပြန်တာကြောင့် ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား၊ အိပ်ယာကမနိုးသေးတာလား၊ စတဲ့မေးခွန်းတွေနဲ့ သူ့ကို ခေါင်းသွားမစားပါနဲ့။ နောက်တစ်ချက်က သူဟာ ကိုယ့်ရည်းစား မဖြစ်သေးဘူးဆိုတာလည်း သတိရပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ