Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု

(ဟာဝိုင်အီ မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း မပြောခင် ဒူဝါ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ စာစု တခု ရေးခဲ့ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။)

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု

၁၉၈၈ ခုနှစ်လူထုအုံကြွမှု ဖြစ်ကတည်းက မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် နိုဘယ်လ် ငြိမ်ချမ်းရေး ဆုရှင် ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှု နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိမှု၊ အပေါ် မြန်မာလူထု တော်တော်များများက သိပ်နားမလည်ပါဘူး။ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေရဲ့ သြ၀ါဒ လုံလုံလောက်လောက် ခံယူဖူးတဲ့ ပြည်သူများ နဲ့ အွန်လိုင်းပေါ်မှာ တပ်မတော် နာမည်ဖျက်ပေးနေတဲ့ စစ်ခွေးများ ပိုနားမလည်ပါ။ နိုဘယ်လ်ဆု ပေးတာကို အနောက်တိုင်းသားတွေရဲ့ လက်ရုဏ်းအဖြစ် သွပ်သွင်းခြင်းလို့ တထစ်ချ မှတ်ချက်ပြုထား ခြင်းလဲ ခံရပါတယ်။ ဒါပေမယ့်၊ လူတွေ တော်တော်များများသတိမထားမိတာက ဒေါ်စုဟာ အနောက်တိုင်းသားများကြားတွင်သာ မကပဲ၊ အရှေ့တိုင်း ဒီမိုကရေစီ နိုင်ငံသားများကြားမှာလဲ ရေပန်းစားနေခဲ့သူပါ။


 ဘယ်တုန်းကမှ မြန်မာသတင်းနဲ့ ပတ်သက်ပြီး အကောင်းမရေးခဲ့တဲ့ ထိုင်းသတင်းစာ အချို့မှာတောင် ဒေါ်စု အကြောင်းကို ဝေေ၀ဆာဆာ ရေးပါတယ်။ ဂျပန် နိုင်ငံသားများ ဆိုရင် ခေတ်သစ် နာမည် “Myanmar” ဆိုတာ မသိပေမယ့်၊ အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကိုတော့ လူတိုင်းသိပါတယ်။

 သူ ဘာဖြစ်လို့ နာမည်ကြီးရပါသလဲ….

 အကြမ်းမဖက်တဲ့ နိုင်ငံရေး လမ်းစဉ်ကြောင့်လို့ ပညာရှင်များက ဆိုပါလိမ့်မယ်။ မှန်ပါတယ်… အကြမ်းမဖက်ပဲ တပ်မတော်ခေါင်းဆောင်များကို ကမ္ဘာ့အလည်မှာ အရှက်ရအောင် ရဲရဲတောက် မိန့်ခွန်းတွေနဲ့ ထိုးနက်ခဲ့လို့ပါပဲ။ သူ ဘာဖြစ်လို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ရွေးရပါသလဲ????

 ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်တော့ ကျောင်းသား အများအပြား ပစ်သတ်ခံရပါတယ်။ တပ်မတော်ရဲ့ ရက်စက် ကြမ်းကျွတ်မှု သိပ်မမြင်ဖူးတဲ့ မြို့နေလူတန်းစားများ သီးမခံနိုင် လောက်တဲ့ အထိ ဆူညံသွားတော့၊ ပြည်သူဘက်ပါသော တပ်မတော်မှ အရာရှိတချို့ (ကျောင်းသား မိဘများ အပါအ၀င်) နဲ့ ကျောင်းသားများက စစ်အာဏာရှင် ကို လူထုအားနဲ့ အကြမ်းနည်း တိုက်ခိုက်ပြီး (ကဒါဖီမိသားစုကို လုပ်သလို)  ဖြုတ်ချဖို့ တီးတိုး တိုင်ပင်ခဲ့ကြပါတယ်။

 သို့သော်… ဒေါ်စု အဖြေက လုံးဝ “NO” ပါပဲ…. ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး….. အဲဒီတုန်းက သူသာ မီးစိမ်းပြလိုက်ရင် လူထုအားလုံးပါဝင်ပြီး အားတက်သရောနဲ့ စောစော ပွဲသိမ်းသွားနိုင်သည်။ ဒေါ်စု လုံးဝ သဘောမတူခဲ့ပါဘူး။

 အကြောင်းကတော့…

 (၁) တပ်မတော်သည် သူ့ဖခင် တည်ထောင်ခဲ့သော အမွေ ဖြစ်သောကြောင့် တပ်မတော် ဖြိုခွင်းမဲ့ လမ်းစဉ် ဘယ်တော့မှ ရွေးမှာ မဟုတ်ပါ။

(၂) အဲဒီ အချိန်တုန်းက တပ်မတော် အားနည်းသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အန္တရယ် ကြောက်ရခြင်း။

(၃) အိန္ဒိယမှာ ပညာသင်တုန်းက အကြမ်းမဖက်တဲ့ လမ်းစဉ် နဲ့ ပတ်သက်ပြီး၊ အသိကညာ ရထားခြင်း။

 ထို့ကြောင့် အကြမ်းမဖက် တဲ့လမ်းစဉ် အလုပ်မဖြစ်မှန်း သိသိကြီး နှင့် မျက်စိစုံမိတ် ရွေးခဲ့ခြင်း ဖြစ်နိုင်သည်။ အဲဒီအတွက်ကြောင့်ပဲ ဒီလိုကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာ အကြမ်းမဖက်တဲ့ နည်းကို ရွေးခဲ့တဲ့ ဒေါ်စု ကို အနောက်နိုင်ငံသားတွေ မချီးကျူးပဲ မနေနိုင်တော့ပါ။ သူကတော့ အဖေ ဓါတ်ခံကြောင့် အသက် အန္ဒရာယ် မကြောက်ရပေမယ့်၊ ဘယ်လိုမှ ရွေးချယ်စရာ လမ်းမတွေ့ခဲ့တဲ့ ကျောင်းသား အများအပြားတော့ ခိုကိုးရာမဲ့ ဖြစ်သွားပြီး၊ တော်ခိုသွားရရှာသည်။ အဲဒီအကြောက်တရားကိုပင် စာတမ်းပြုစုပြီး နိုဘယ်လ်ဆု ရခဲ့လေသည်။

 အခုဆိုရင် အဲဒီ မျိုးချစ် ကျောင်းသားများမှာတော့ နာမည်ပျက်စာရင်းထဲ အထည့်ခံရမည့် ပုံစံ ဖြစ်သွားလေပြီ။ သို့သော်.. တောခိုသွားတဲ့ ကျောင်းသားများ ကိုတော့ ဘယ်တုန်းကမှ မှားတယ် လို့ ထုတ်မပြောပါ။ ဝေဖန်ခြင်းမျိုးလဲ မလုပ်ပါ။ လုပ်သင့်လုပ်ထိုက် လို့လုပ်တယ် လို့တော့ မြင်ထားပုံပေါ်လေသည်။

 အဲဒီ တောခိုကျောင်းသားများကို တပ်မတော်က အခုထိ အလွတ်မထားပေ၊ အခွင့်အခါကြုံရင် ကြုံသလို ထိုးနက်နေဆဲရှိသေးသည်။ ဥပမာ- မြောက်ပိုင်း လူသတ်မှု ဆိုပြီး ဖွ ၍ ကျောင်းသားများ၏ စွန့်လွတ် စွန့်စားခဲ့သော အမှတ်တရများကို မှေးမှိန်အောင် ကြိုးစားနေတုန်းဖြစ်သည်။

 တကယ်တော့ ဒေါ်စုသာ တပ်မတော်အပေါ် သံယောဇဉ် မထားခဲ့လျှင် မြန်မာ နိုင်ငံရဲ့ သမိုင်းဟာလဲ တမျိုးတဖုံ ဖြစ်သွားနိုင်သည်။ အာဏာရှင်ပြုတ်မလား… နိုင်ငံပြိုကွဲမလား… တခုခု တော့ ဖြစ်မှာမလွဲပါ။

 ဒေါ်စုသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးမှာ နှလုံးသား နှစ်ဖက် နှင့် ဗျာများခဲ့ရသည်။ တစ်ဖက်မှာ သူသံယောဇဉ်ကြီးသော တပ်မတော်၊ တစ်ဖက်မှာ ပြည်သူ… ဒါပေမယ့် တပ်မတော်သားတွေက ဒေါ်စုကို နားမလည်ပါ။ တပ်မတော် ခေါင်းဆောင်များကို ဝေဖန်တာကို တပ်မတော်ကို တိုက်ခိုက်တယ် လို့ ထင်ထားပုံရသည်။ တပ်မတော် ကို အဆင့်မြင့်၊ သိက္ခာရှိ စေချင်တဲ့ သူ့ရဲ့ စေတနာကို တပ်မတော်သား များသိပ်နားမလည်ခဲ့ပါ။ ပိုဆိုးတာက အာဏာရှင်မိသားစုများက သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတိုင်း တပ်မတော် အမည်နာမ နဲ့ ရောသမ လိုက်ခြင်းပင် ဖြစ်သည်။

 ဒေါ်စု ဝေဖန်တာ လူပုဂ္ဂိုလ် (တပ်မတော် ခေါင်းဆောင်များ)၊ ဒါပေမယ့် သူတို့ ပြန်ပြီး ချေပ တာက တပ်မတော် တခုလုံးကိုယ်စား ဖြစ်နေခဲ့သည်။ နောက်ဆုံးတော့ တပ်မတော်ကို သံယောဇဉ်ကြီးရှာတဲ့ သူက တပ်မတော်ရဲ့ အကြီးစား ရန်သူကြီး ဖြစ်သွားလေသည်။

ဒီအကြောင်းချင်းရာများကို သိနေသူများမှာ အနောက်နိုင်ငံသားများ ဖြစ်သည်။ တပ်မတော် စစ်ခွေးများတော့ အခုထိ ဒေါ်စု အပေါ် ရန်သူလို ပြောကြ၊ ဝေဖန်ကြတုန်း ရှိသေးသည်။ တကယ်တော့ ဒေါ်စု နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ရခြင်းသည်၊ တပ်မတော်ကို သံယောဇဉ်ကြီးရာက ဖြစ်လာခဲ့သော ရလဒ်ဖြစ်သည်၊ ဆိုရင် မှားမယ် မထင်ပါ။ ဒါကြောင့်လဲ တပ်မတော် အရာရှိများ အချိန်အကြာကြီး စံစားခဲ့ရတယ် ဆိုတာကိုလဲ ခရိုနီများပင် နားမလည်ခဲ့ပါ။

 အမှန်ဆိုရင်… အွန်လိုင်းပေါ်မှာ ဒေါ်စုကို နှမေ၊ နှမ နဲ့ ဆဲနေသော စစ်ခွေးများ နဲ့ တပ်မတော်ခေါင်းဆောင်များ သူတို့ကို ဒီလိုအခွင့်အရေးပေးခဲ့တာကို ကျေးဇူးတင်သင့်တာပါ။ မဟုတ်ရင် ကဒါဖီ လို စောစော ဇာတ်သိမ်းရမဲ့ လူတွေပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ