Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

ဖမ်းဆီးခံ ကုလသမဂ္ဂတပ်သားများဓာတ်ပုံ လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့

ဆီရီးယားနယ်စပ်မှာ အယ်ကိုင်းဒါးအဖွဲ့ခွဲရဲ့ ဖမ်းဆီးခံနေရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်မှာ အမှုထမ်းနေတဲ့ ဖူဂျီနိုင်ငံသား စစ်သားတွေရဲ့ နောက်ဆုံး ဓာတ်ပုံ ၂ ပုံ လူမှုကွန်ယက် မီဒီယာတွေမှာ သြဂုတ် ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

တပုံက ဖူဂျီစစ်သားတွေ ယူနီဖောင်းအပြည့်နဲ့ အုပ်စုလိုက် ရိုက်ထားတဲ့ ပုံဖြစ်ပြီး နောက်တပုံကတော့ ဖူဂျီစစ်သား ၄၅ ယောက်ရဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဖြစ်ကြောင်း အထောက်အထားတွေ ဖြစ်ပါတယ်။


အစ္စလာမ္မစ် အယ်နက်ရာအဖွဲ့က ထုတ်ပြန်ထား တဲ့ ကြေညာချက်မှာ ဖူဂျီစစ်သား ၄၅ ယောက်ကို သူတို့ ဖမ်းထားတယ်လို့ ဆိုပေမယ့် ဖူဂျီစစ်တပ်ကတော့ တပ်သား ၄၄ ယောက် အဖမ်းခံထားရတယ်လို့ ကြေညာထားပါတယ်။

ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန်ထမ်းနေတဲ့  ဖူဂျီစစ်သားတွေဟာ အစ္စရေးနဲ့ ဆီရီးယားနယ်စပ်မှာ သြဂုတ်လ ၃၀ ရက်နေ့က အဖမ်းခံထားရတာပါ။

အစောပိုင်းက ဖိလစ်ပိုင် စစ်သား ၇၀ ကျော်လည်း အစ္စလာမ္မစ်တွေရဲ့ အ၀ိုင်းခံခဲ့ရပြီး သြဂုတ် ၃၁ ရက်နေ့မှာတော့ ဘေးကင်းရာကို ကယ်ထုတ်နိုင်ပြီလို့ ကုလသမဂ္ဂနဲ့ ဖိလစ်ပိုင်စစ်တပ်က ကြေညာခဲ့ပါတယ်။

ဖူဂျီ စစ်သားတွေဟာ ဆီရီးယား သမ္မတ ဘာရှား အယ်အဆတ်ကို အကူအညီပေးနေတဲ့အတွက် ဖမ်းဆီးထားတာလို့ အစ္စလာမ္မစ်ဝါဒီ နက်စ်ရာ တပ်ဦးရဲ့ ဗျူဟာမှူးတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အစ္စရေးနဲ့ ဆီရီးယား နယ်စပ်မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ တပ်ဖွဲ့မှာ အင်အား ၁၂၂၃ ယောက် ရှိပြီး ဖူဂျီ၊ အိန္ဒိယ၊ အိုင်ယာလန်၊ နီပေါ၊ နယ်သာလန်၊ ဖိလစ်ပိုင်တို့က စစ်သားတွေ ပူးပေါင်းပါဝင်ပါတယ်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ