Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ကျွန်တော်နှင့်မိုး


ထိုနေ့က ကျနော်တို့ ဆုံစည်းခဲ့ကြသည်။
ထိုနေ့ပြီးနောက် ကျနော်တို့ ဝေးကွာသွားခဲ့ကြသည်။
တိတိကျကျ ချန်ရစ်ထားဖို့ရော
တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ဖို့ရော
သေချာနေခဲ့ပြီးဖြစ်သည့် ကျနော်သည်
လက်ပြနှုတ်ဆက်ခြင်းနှင့် ငြင်းဆန်ပယ်ဖျက်ခြင်းများကို
ငြိမ်ငြိမ်သက်သက် ရပ်ကြည့်နေခဲ့ပြီးပါပြီ။

တစ်နေ့ ပြန်ရောက်လာလေမလားဆိုသည့်မျှော်
လင့်ချက်ဖြင့်
ကျနော် ငေးကြည့်နေလင့်ကစား
မတူညီသော စိတ်တည်ဆောက်မှုများ၌
ကျနော်သည် ကျန်ရစ်ခဲ့ပြီးသူ ဖြစ်ခဲ့သည်။

ကျနော်အမြဲပြောခဲ့သော စကားတစ်ခွန်းရှိပါသည်။
ကျနော်က မိုးကို ချစ်ပါသော်လဲ မိုးက ကျနော့်ကို မချစ်ခဲ့ပါ ဟူ၍။

ထိုသို့ဖြင့် ..
ကျနော့်ရင်ထဲမှ မိုးသည် ..
တနင်္ဂနွေနေ့တွင်ရောက်လာ၍ ဤနေ့တွင် အငြိုးသည်းစွာ ရွာခဲ့လေပြီ။
သေချာပါသည် ...
ကျနော် မငိုပါ။
သို့သော် ....။

ခွဲခွာရခြင်းများတွင် ...
နာကျင်မှုများ ..
ဝမ်းနည်းမှုများ ...
စိတ်မကောင်းဖြစ်မှုများ ..
အသက်ရှူသံပြင်းပြင်းများ ...
အချိုးကျပါဝင်နေကြမည်မှန်း
ကျနော်အစကတည်းက သိခဲ့ပါလျှင် ...

ဆုံစည်းရခြင်းများကို ကျနော် ကောင်းမွန်စွာ ကြိုလင့်ခဲ့လိမ့်မည်မဟုတ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ