Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

သူသိပါစေ....

သြော် ..
ဒီအချိန်တောင်ရောက်ပြီ။
မနေ့က ဒီအချိန်ပေါ့ ...
ခုတော့ ကျနော့်ရဲ့ သံစဉ်ကလေး
ဝေး ... လွင့်... ပျောက်... ရှ
အလွတ်ရနေတဲ့ ဂဏန်း ၁၂လုံးဟာ
ကျနော့်ကို ပိုပြီး ခါးသက်နေစေတော့တာ ..။

ခုလောလောဆယ်ပေါ့ သံစဉ်ရယ်
ဖုန်းခလုတ်တွေပေါ် လက်မရောက်အောင် နေနေမိတယ်

ဆုတောင်းခြင်းများသာ အသက်ဝင်မယ်ဆို
သက္ကရာဇ်တွေကို ဖြိုချင်တယ်
နောက်ကြောင်းတွေထက်
သံစဥ့်ကိုသာ ကျနော် လိုချင်တယ်
သံစဉ်ရယ် ...။

ခုဆို တနင်္ဂနွေရောက်ဖို့ ၂၄နာရီ ၂ခါ ဖြတ်ရဦးမယ်
အရင်က ချိုမြိန်ခဲ့တဲ့ တနင်္ဂနွေဟာ
အခု ကျနော့်အတွက် ထိတ်လန့်စရာတွေ ဖြစ်လို့
သံစဉ်ရယ် ...။


မခေါ်ဘဲမနေပါဘူးလို့ သံစဉ်ပြောခဲ့တယ်
အမြဲခေါ်မှာပါလို့ သံစဉ်ပြောခဲ့တယ်
ဒီလိုနဲ့ သံစဉ် မရှိတော့ဘူး ..
ခုဘယ်မှာလဲ သံစဉ်။

ကျနော်က အဝေးရောက်လူသားပါ
ဂစ်တာအိုကိုထမ်း
ကဗျာတွေကို ရူးနှမ်းရင်း
သံစဉ်နဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် အသက်ရှိမှန်းသိခဲ့ရ ...
ပြန်လာခဲ့ပါလား သံစဉ်ရယ် ..။

ဒီလိုပါပဲ ..
ကိုယ်နေတတ်အောင်ကြိုးစားမယ်ဆိုတဲ့
အဲ့ဒီ ဂီတကလေး
ကျနော့်ခပ်ဝေးဝေးကို ပြေးထွက်သွားတာ
ခုဆို ၂၄နာရီကို စွန်းသွားခဲ့ပြီ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ