အဆိုပါ IS တပ်ဖွဲ့ဝင်ဟာ မျက်နှာဖုံးစွပ်တန်းလန်းနဲ့ အမေရိကန် နှစ်ဦးကို သတ်ဖြတ်ခဲ့ပေမယ့် အဲဒီ မျက်နှာဖုံးရှင်က ဘယ်သူဖြစ်သလဲ ဆို တာ ကို ထောက် လှမ်း ရေး တွေက ဖော် ထုတ် နိုင်ခဲ့ တာ ပါ။
သတင်းထောက် James Foley နဲ့ Steven Sotloff ကို IS အဖွဲ့က ဆီးရီးယားမှာ ဖမ်းဆီးပြီး သတ်ပစ်လိုက်တာပါ။
အမေရိကန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်တဲ့သူကို သိပေမယ့် FBI ဒါရိုက်တာ James Comey က အသေးစိတ်ပြောပြဖို့ ငြင်းဆိုထားပါတယ်။
လူသတ်သမားဟာ လန်ဒန်လေယူလေသိမ်းနဲ့ ပြောဆိုသွားတဲ့အတွက် ဗြိတိန်နိုင်ငံသား ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
အဲဒါ့အပြင် နောက်ဗီဒီယိုတစ်ခုမှာ ပါဝင်တဲ့ စစ်သွေးကြွ တစ်ဦးရဲ့ လေယူလေသိမ်းဟာ မြောက်အမေရိကန် အင်္ဂလိပ် လေယူလေသိမ်းနဲ့ ပြောဆိုခဲ့တဲ့အတွက် အဲဒီပုဂ္ဂိုလ်ကိုလည်း အမေရိကန်က သဲကြီးမဲကြီး ရှာဖွေမှု လုပ်နေပါတယ်။
အခုလောလောဆယ် အမေရိကန် နိုင်ငံသား ၁၂ ယောက်လောက် ဆီးရီးယား စစ်သွေးကြွအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ FBI အကြီးအကဲက ပြောဆိုခဲ့ပြီး အဲဒီထဲက တချို့ကတော့ အမေရိကန် နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီလို့လည်း ပြောသွားခဲ့ပါတယ်။
![]() |
| အမေရိကန် သတင်းသမားကို သတ်ဖြတ်ခဲ့သူက လန်ဒန်လေယူလေသိမ်းနဲ့ ပြောသွားတဲ့အတွက် ဗြိတိန်နိုင်ငံသား ဖြစ်မယ်လို့ယူဆ |




































No comments:
Post a Comment