Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ကန်နဲ့ ပြင်သစ် ရထားစနစ်မှာ ဖောက်ခွဲမှုဖြစ်နိုင်လို့ အီရတ်သတိပေး

အီရတ်နိုင်ငံ ​ဝန်ကြီးချုပ်သစ်က ​အကြမ်းဖက် ​သမားတွေဟာ ​အမေရိကန်နဲ့ ​ပြင်သစ်နိုင်ငံက ​မြေအောက် ​ရထားလမ်းတွေမှာ ​ဖောက်ခွဲမှုတွေ ​လုပ်ဖို့ ​ကြံစည်နေတယ်လို့ ​ပြောလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ​ပဲရစ်စ် ​မြို့ ​မြေအောက် ​ရထားလမ်းနဲ့ ​နယူးယောက်မြို့ ​မြေအောက် ​ရထားလမ်းတွေမှာ ​ဖောက်ခွဲမှုတွေ ​လုပ်ဖို့ ​ရှိတယ်ဆိုတာ ​ယုံကြည်ရတဲ့ ​သတင်းအရင်းအမြစ်ဆီက ​သိရတယ်လို့ ​အီရတ်ဝန်ကြီးချုပ် ​Haider ​al-Abadi ​က ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အ ​မေ ​ရိ ​ကန် ​ထောက် ​လှမ်း ​ရေး ​တွေနဲ့ ​ပြင် ​သစ် ​ထောက် ​လှမ်း ​ရေး ​တွေက ​အဲဒီအချက်အလက်ကို ​အခုမှ ​သိရတဲ့အတွက် ​ဒါဟာ ​စစ်မှန်တဲ့ ​သတင်းဟုတ်မဟုတ်ဆိုတာ ​အတည် ​မပြုနိုင် ​သေးဘူးလို့ ​ဆိုပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အီရတ်အာဏာပိုင်နဲ့ ​ပူးပေါင်းပြီးတော့ ​အချက်အလက်တွေကို ​ပြန်လည် ​ဆန်းစစ်သွားမယ်လို့ ​အမေရိကန် ​အမျိုးသားလုံခြုံရေး ​ကောင်စီက ​ကြေညာချက်တစ်စောင် ​ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ​လုံခြုံရေးကောင်စီအနေနဲ့ ​ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို ​အလေးအနက်ထားပြီး ​အချက်အလက်တွေ ​ရရှိအောင် ​ပူးပေါင်းဆောင်ရွက်မှုတွေ ​လုပ်ဆောင်နေကြ ​ဖြစ်တယ်လို့လည်း ​ပြောကြောင်း ​အေဘီစီ ​သတင်းထောက် ​Lisa ​Millar ​က ​ဝါရှင်တန် ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

နယူးယောက်မြို့ ​အကြီးအကဲ ​Andrew ​Cuomo ​ကတော့ ​အီရတ် ​ဝန်ကြီးချုပ်က ​အဲလို ​သတိပေးချက်တွေ ​မပြောခင်ကတည်းက ​အထင်ကရ၊ ​လူသွားလူလာများတဲ့ ​နေရာတွေမှာ ​လုံခြုံရေးတွေ ​တိုးချဲ့ချထားပြီး ​ပြီလို့ ​ပြောပါတယ်။


သြစတြေးလျမှာလည်း ​လုံခြုံရေးတိုးချထား


သြစတြေးလျနိုင်ငံမှာလည်း ​အကြမ်းဖက်မှု ​ဖြစ်နိုင်တယ်လို့ ​ထောက်လှမ်းရေးတွေက ​အကြောင်းကြားထားတဲ့အတွက် ​အစိုးရက ​လုံခြုံရေးတွေ ​တိုးချဲ့ချထားပါတယ်။

အထူးသဖြင့် ​ပါလီမန် ​လွှတ်တော်အဆောက်အဦးမှာ ​အကြမ်းဖက်မှု ​ဖြစ်နိုင်တဲ့အတွက် ​လွှတ်တော်အမတ်တွေ ​ကန့်လန့်ကာတွေ ​အမြဲတမ်းချထားဖို့ ​ညွှန်ကြားထားတယ်ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။

လက်ဖြောင့်သေနတ်သမားတွေက ​ပြတင်းပေါက်ကနေတဆင့် ​ချောင်းပစ်မှာကို ​စိုးရိမ်တဲ့အတွက် ​ဖြစ်ပါတယ်။

တချို့လွှတ်တော်အမတ်တွေကတော့ ​ပြတင်းပေါက်တွေ ​ပိတ်ထားပြီး ​ကန့်လန့်ကာတွေ ​ချထားဖို့ ​ညွန်ကြားထားတာ ​မရှိဘူးလို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​မနက်ဖြန်ကျရင် ​သြစတြေးလျနိုင်ငံမှာ ​Footy ​လို့ခေါ်တဲ့ ​ဘောလုံး ​ဗိုလ်လုပွဲ ​ရှိတဲ့အတွက် ​လုံခြုံရေးတွေလည်း ​တိုးချဲ့ချထားသလို ​စစ်ဆေးမှုတွေလည်း ​လုပ်မှာ ​ဖြစ်ပါတယ်။


အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider Al-Abadi

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ