Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

Huawei နှင့် KMD ပူးပေါင်း၍ တယ်လီကွန်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်မည်





တယ်လီကွန်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Huawei နှင့် ပြည်တွင်းရှိ KMD သင်တန်းကျောင်းတို့ ပူးပေါင်း၍ တယ်လီကွန်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်၍ HCNG (Huawei Certified Network Graduate) နှင့် MMB (Mobile Broadband Network) သင်တန်းများကို KMD (မြေနီကုန်း) တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး KMD မှ တယ်လီကွန်းဆိုင်ရာ သီအိုရီနှင့် အသိပညာ များကို Huawei ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမည်ဖြစ်သည်။


HCNG သင်တန်းတွင် ICT အခြေခံ၊ Core Network ၊ Access Network ၊ Transmission Network နှင့် GSM/WCDMA ဘာသာရပ်များ ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေး ကျပ်သုံးသိန်းခွဲနှင့် သင်တန်းကာလ ၃ လ ကြာမြင့်မည် ဖြစ်သည်။ MBB သင်တန်းတွင် BTS တပ်ဆင်ခြင်း၊ Mobile Tower တပ်ဆင်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေး ကျပ်နှစ်သိန်းနှင့် သင်တန်းကာလ ၁ လကြာ မည်ဖြစ် သည်။

သင်တန်းပြီးဆုံးပါက နိုင်ငံတကာအသိအမှတ်ပြု Huawei ၏ International Exam ကို ဖြေဆိုနိုင်မည် ဖြစ်သည့်အပြင် KMD နှင့် Huawei မှပေးအပ်သော သင်တန်းဆင်းလတ်မှတ်ကိုလည်း ရရှိမည်ဖြစ်သည်။ သင်တန်းတွင် Huawei ၏ တယ်လီကွန်း Equipment များ လက်တွေ့လေ့ကျင့် သင်ကြားမည်ဖြစ်ပြီး Huawei မှ ကျွမ်းကျင်အင်ဂျင်နီယာများမှလည်း လုပ်ငန်းခွင် အတွေ့အကြုံများကို ဆွေးနွေး သင်ကြားပေး မည် ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ